မာန်အောင်မြို့၌ (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှစ်ပတ်လည်နေ့အခမ်းအနား ကျင်းပ

မာန်အောင် အောက်တိုဘာ ၁

ရခိုင်ပြည်နယ် မာန်အောင်မြို့၌ (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ နှစ်ပတ်လည်နေ့အခမ်းအနားကို  ယနေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဇော်ဟိန်းက အဖွင့်အမှာစကားပြောကြားပြီး ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီးနီလင်းအောင်ထံမှ ပေးပို့သည့် (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ သဝဏ်လွှာအား မာန်အောင်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်သန်းဝင်းက ဖတ်ကြားသည်။

ထို့နောက် မာန်အောင်မြို့နယ် ရဲတပ်ဖွဲ့မှ ၂၀၂၃-ခုနှစ်တွင် စည်းကမ်းကောင်းမွန်ပြီး ရဲလုပ်ငန်းတာဝန်များအား ကျေပွန်စွာထမ်းဆောင်ခဲ့သူများနှင့် ရဲတပ်ဖွဲ့မိသားစု နေအိမ်လိုင်းခန်း အသန့်ရှင်းဆုရရှိသူများအား တာဝန်ရှိသူများက အသီးသီးဆုချီးမြှင့်ပေးခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်ရဲတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်မိသားစုဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်းသိရှိရသည်။

သိန်းဖေ(ပြန်/ဆက်)