ကာလိမြို့၌ (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကိုဂုဏ်ပြုသောအားဖြင့် နေ့ဆွမ်းဆက်ကပ် လှူဒါန်း

ကာလိ   အောက်တိုဘာ   ၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့၌ အောက်တိုဘာလ(၁)ရက်နေ့တွင် ကျရောက်သည့် (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုသောအားဖြင့်  နေ့ဆွမ်းဆက်ကပ်လှူဒါန်းပွဲကို ယနေ့ နံနက်(၁၀)နာရီ အချိန်က ကာလိနယ်မြေရဲစခန်း၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ပထမဦးစွာ ဆရာတော်ကြီးများအား ကာလိနယ်မြေ စခန်းမှူး ရဲအုပ်မြတ်သော်နှင့် တပ်ဖွဲ့ဝင်များ၊ တပ်ဖွဲ့မိသားစုဝင်းများက နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြပြီး ကာလိမြို့ ငွေတောင်ဦး သီရိမင်္ဂလာ ကျောင်းတိုက်ဆရာတော် ဦးဝိစိတ္တက "မင်္ဂလာရှိသော" တရားတော်ကိုဟောကြားကာ ငါးပါးသီလဆောက်တည်ကြသည်။ ဆက်လက်၍ (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် တရားတော်များနာယူကြကာလှူဖွယ်ဝတ္ထုအစုစုတို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ကုသိုလ်များကို ရေစက်သွန်းချအမျှ ပေးဝေခဲ့ကြကြောင်းသိရသည်။

ထင်ထင်(ကာလိပြန်/ဆက်)