ပျဉ်းမနား အောက်တိုဘာ ၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် စားသုံးဆီတစ်ပိဿာလျှင် ၅၄၀၀ ကျပ်နှုန်းဖြင့် စားသုံးသူများ လက်ဝယ်အရောက် ယနေ့ နံနက်ပိုင်းတွင် ရောင်းချပေးလျက်ရှိသည်။
အဆိုပါရောင်းချမှုတွင် ပျဉ်းမနားမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်မှူးဝေဖြိုးနိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းဝင်းထွန်းနှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်းများအသင်းမှ အသင်းဝင်များက ပျဉ်းမနားမြို့နယ် နတ်သရဲကျေးရွာအုပ်စုနှင့် ပန်းဘဲစု ကျေးရွာအုပ်စုများမှ အမှန်တကယ်လိုအပ်လျက်ရှိသည့် စားသုံးသူ ပြည်သူများအား စားသုံးဆီတစ်ပိဿာ ၅၄၀၀ ကျပ်နှုန်းဖြင့် ဆီပိဿာချိန် ၁၀၇၆ ပိဿာ ရောင်းချပေးခဲ့ကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)