သတင်းများ

ကျောက်ပန်းတောင်းမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ)သင်တန်း (၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကျင်းပ
Oct 02,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ ဖွင့်လှစ်သည့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းဖွင့်ပွဲ အခမ်းအနားကို၊ အောက်တိုဘာ(၂)ရက်နေ့ နံနက်(၁၀)နာရီက အောင်မင်္ဂလာရပ်ကွက်ရှိ မြို့နယ်မီးသတ်ဦးစီးမှူးရုံး သင်တန်းခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့ဝင်များ ဟင်္သာတမြို့ ပြည်သူ့ဆေးရုံကြီးတွင် အထူးကုဆရာဝန်ကြီးများ ပါဝင်သော အထူးဆေးကုသရေးအဖွဲ့မှ  ကျန်းမာရေးစောင့်ရှောက်မှုများအား ကြည့်ရှုအားပေး
Oct 02,2023
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့ဝင်များသည် ဟင်္သာတခရိုင် ဟင်္သာတမြို့ရှိ ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် အထူးကုဆရာဝန်ကြီးများ ပါဝင်သော အထူးဆေးကုသရေးအဖွဲ့မှ ​လာရောက်ပြသသူလူနာများအား ကျန်းမာရေး စောင့်ရှောက်ပေးနေမှုများကို ယမန်နေ့လည်ပိုင်းက လာရောက် ကြည့်ရှုအားပေးခဲ့ကြသည်။
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ၂၀၂၃ ခုနှစ် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်
Oct 02,2023
တနင်္သာရီတိုင်းဒေသကြီး၊ ၂၀၂၃ ခုနှစ်၊ (၂၄)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ကျင်းပသည်။
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားသို့ တက်ရောက်
Oct 02,2023
၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်သည့် (၅၉)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ အခမ်းအနားကို  ယမန်နေ့ နံနက် ၉ နာရီက  မကွေးမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ  မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ အဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီးများ၊ တပ်မတော်အရာရှိကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ စာရေးဝန်ထမ်းများနှင့် တပ်ဖွဲ့ဝင်မိသားစုဝင်များ တက်ရောက်ခဲ့ကြသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနား တက်ရောက်ခြင်းနှင့် စမ်းသပ်သန်းခေါင်စာရင်းကောက်ယူနေမှု လိုက်လံကြည့်ရှု အားပေး
Oct 02,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သန်းထိုက်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဓဒသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် ဇနီးများ၊ ဆုရရဲတပ်ဖွဲ့ဝင်များ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ကရင်ပြည်နယ်ရဲတပ်ဖွဲ့အနေဖြင့် ယခင်နှစ်များထက်ပိုမိုပြီး ပြည်သူကိုဝန်ဆောင်မှုပေးနိုင်ခဲ့
Oct 02,2023
ကရင်ပြည်နယ်ရဲတပ်ဖွဲ့၏ တစ်နှစ်တာအတွင်း မှုခင်းများဖော်ထုတ်အရေးယူနိုင်မှု၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေးပိုမိုဆောင်ရွက်နိုင်မှု၊ ပညာပေး၊ စည်းရုံးဆောင်ရွက်နေမှုများသည် ယခင်နှစ်များ ထက်ပိုမိုပြီး ပြည်သူကိုဝန်ဆောင်မှုပေးနိုင်ခဲ့ကြောင်း ယမန်နေ့နံနက် ၈ နာရီခွဲက ဘားအံမြို့၊ ဇွဲကပင်ခန်းမတွင် ကျင်းပသည့် (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားမှ သိရသည်။
မူဆယ်-ရွှေလီနယ်စပ်ဖြတ်သန်းသွားလာရေးဂိတ်များမှ တရားဝင်ဗီဇာ(Business Visa)ဖြင့် စတင်ဖွင့်လှစ်ပြီဖြစ်၍ ဝင်/ထွက်သွားလာနိုင်
Oct 02,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊မူဆယ်မြို့ရှိ မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်ဖြတ်သန်းသွားလာရေးဂိတ် များမှ တရားဝင်ဗီဇာ(Business Visa)ဖြင့် မူဆယ်-ရွှေလီနယ်စပ် ဖြတ်သန်းသွားလာရေးဂိတ်ဖြစ်သော နန်းတော်ဂိတ်၌ အောက်တိုဘာလ(၁)ရက်နေ့ စတင်၍ ဝင်/ထွက်သွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။
ကွန်ကရစ်လမ်းခင်းခြင်း၊ Box Culvert ပြုလုပ်ခြင်းလုပ်ငန်းပြီးစီးမှုများအား မြန်အောင်မြို့နယ် စည်ပင်သာယာရေးကော်မတီမှ ကြည့်ရှုစစ်ဆေး
Oct 02,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်စည်ပင်သာယာ​ရေးအဖွဲ့ ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာ​ရေးနှစ်အတွင်း​ ငွေလုံး​ငွေရင်းအသုံးစရိတ် ခွင့်ပြုရံပုံ​ငွေဖြင့် အမှတ်(၂) ရပ်ကွက် စာတိုက်တဲကြီးကုန်းလမ်း ကွန်ကရစ်ခင်းခြင်း (၉၂၅'×၂၀'×၇") လုပ်ငန်း​ဆောင်ရွက်ပြီးစီးမှုကို ယမန်နေ့က မြို့နယ်စည်ပင်​သာယာရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျင်စိုးနှင့် အင်ဂျင်နီယာမှူး ဦးရဲစိုး ဦးဆောင်သောအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။