ကျောက်ဖြူခရိုင်မှ ပြည်နယ်အဆင့်(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ခဲ့ကြသူများကို သောင်းသောင်းဖျဖျဂုဏ်ပြုကြိုဆို

ကျောက်ဖြူ    စက်တင်ဘာ ၃၀

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်မှ ပြည်နယ်အဆင့် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသို့ ခရိုင်ကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင်ခဲ့ကြသူများမှာ ယနေ့ညနေပိုင်းက စစ်တွေမြို့မှ ကျောက်ဖြူမြို့သို့ မော်တော်ယာဉ်များဖြင့် ပြန်လည်ရောက်ရှိလာရာ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြိုင်ပွဲကျင်းပရေးကော်မတီဝင်များနှင့် ဌာနဆိုင်ရာများက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခြံဝန်းတွင် အိုးစည်၊ ဒိုးပတ်များဖြင့် သောင်းသောင်းဖျဖျဂုဏ်ပြုကြိုဆိုသည်။

ထိုသို့ ပြည်နယ်အဆင့် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲသို့ ခရိုင်ကိုယ်စားပြုအဖြစ်သွားရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုတံဆိပ်များနှင့်အတူ ပြန်လာခဲ့ကြ သည့် ပြိုင်ပွဲဝင်များနှင့် အုပ်ချုပ်သူများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲလင်းမောင်နှင့်ဇနီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ  ဦးမျိုးမင်းထွဏ်းနှင့် အဖွဲ့ဝင်များ၊  ပြိုင်ပွဲကျင်းပရေး ကော်မတီဝင်များနှင့် ဌာနဆိုင်ရာများက ဂုဏ်ပြုပန်းစည်းများ၊ ဂုဏ်ပြုပန်းကုံးများ၊ အိုးစည်၊ ဒိုးပတ်များဖြင့် သောင်းသောင်းဖျဖျ ဂုဏ်ပြုကြိုဆိုကြပြီး ပြိုင်ပွဲဝင်များနှင့် အုပ်ချုပ်သူများကို ခရိုင် အထွေထွေအုပ်ချုပ်ရေးရုံးအစည်းအဝေး ခန်းမတွင် လက်ခံတွေ့ဆုံခဲ့သည်။

တွေ့ဆုံရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ပြည်နယ်အဆင့် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ကျောက်ဖြူခရိုင်မှ ဆုပေါင်း(၃၄)ဆု ဆွတ်ခူးနိုင်ခဲ့သောကြောင့် ခရိုင်ကိုယ်စား အထူးပင်ကျေနပ်အားရမိပါကြောင်း၊ ဗဟိုအဆင့်ပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်သည့် အခါတွင်လည်း ဆုများနှင့်အတူပြန်လာပြီး ခရိုင်ဂုဏ်ကိုဆောင်နိုင်သည့် နိုင်ငံ့သား ကောင်းများဖြစ်အောင် ကြိုးစားကြစေလိုပါကြောင်း ကြိုဆိုနှုတ်ဆက်စကားပြောကြားသည်။ ထို့နောက်ပြိုင်ပွဲတွင်လိုက် ပါကြီးကြပ်ခဲ့ကြသူများမှ ကြုံတွေ့ခဲ့ရသည့်အခက်အခဲများ၊ ရရှိခဲ့သောဆုများကိုတင်ပြရာ ခရိုင်စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ လိုအပ်ချက်များကို ညှိနှိုင်းဆောင်ရွက်ပေး ခဲ့သည်။

အဆိုပါ ပြည်နယ်အဆင့် အဆို၊ အက၊ အရေး၊ တီးပြိုင်ပွဲကို စက်တင်ဘာ ၂၆ ရက်နေ့မှ ၂၉ ရက် နေ့ထိ ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ကျင်းပခဲ့ပြီး ကျောက်ဖြူခရိုင်မှ ရွှေတံဆိပ်(၈)ခု၊ ငွေတံဆိပ် (၈)ခု၊ ကြေးတံဆိပ်(၁၄)ခုနှင့် အထူးဆု(၄)ဆု၊ စုစုပေါင်း(၃၄)ဆု ဆွတ်ခူးရယူနိုင်ခဲ့ကြောင်း ခရိုင် ပြိုင်ပွဲကျင်းပရေးကော်မတီထံမှ သိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း