(၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနား မြန်အောင်မြို့နယ်ရဲတပ်ဖွဲ့တွင် ကျင်းပ

မြန်​အောင် အောက်တိုဘာ ၁

(၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊  မြန်အောင်မြို့နယ်ရဲတပ်ဖွဲ့တွင် ယနေ့နံနက်က ကျင်းပခဲ့သည်။

မြန်အောင်မြို့နယ်ရဲတပ်ဖွဲ့ ဓမ္မာရုံတွင်ကျင်းပသော (၅၉)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ အခမ်းအနားတွင် မြန်အောင်ခရိုင်ရဲတပ်ဖွဲ့၊ ဒုခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ဇံက အဖွင့်အမှာစကား ပြောကြားပြီး မြန်အောင်မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်ဝင်းက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ ဖြစ်ပေါ်လာပုံသမိုင်းအား ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ၂၀၂၃ ခုနှစ်အတွင်း ရဲတပ်ဖွဲ့၏လုပ်ငန်းတာဝန်များတွင် ထူးချွန်ဆုရ တပ်ဖွဲ့ဝင်များအား ဒုခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ဇံ၊ ခရိုင်လုံခြုံရေးတပ်ခွဲမှူး ရဲမှူး သန်းအောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်ဝင်းနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ပြီး မြန်အောင်မြို့နယ် မိသားစု စည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်စန်းစန်းခိုင်နှင့် တာဝန်ရှိသူများက နေအိမ်လိုင်းခန်း သန့်ရှင်းသပ်ရပ်မှု၊ လုပ်ငန်းစွမ်းဆောင်ရည်ဆု၊ လုပ်ငန်းပူးပေါင်းပါဝင်ဆောင်ရွက်မှု ရရှိသူ တပ်ဖွဲ့ဝင်များ၏ ဇနီးတို့အား ဂုဏ်ပြုဆုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ဝင်းဗိုလ် (ပြန်/ဆက်)