အယ်လ်နီညိုရာသီဥတုကြောင့် မွေးမြူရေးကဏ္ဍအပေါ် သက်ရောက်နိုင်မှု အသိပညာပေး ဟောပြော

ကျိုက်မရော အောက်တိုဘာ ၁

မွန်ပြည်နယ်၊ ကျိုက်မရော မြို့နယ်အတွင်း အယ်လ်နီညိုရာသီဥတု ဖြစ်ပေါ်မှုကြောင့် မွေးမြူရေး ကဏ္ဍအပေါ် သက်ရောက်နိုင်မှုများနှင့် ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၁နာရီက မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံး ခန်းမ၌ ပြုလုပ်သည်။

ဦးစွာ မွန်ပြည်နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ တင်ဌေးက အယ်လ်နီညို  ရာသီဥတု ဖြစ်ပေါ်မှုကြောင့်  တိရစ္ဆာန်များတွင် အစာနှင့်ရေရှားပါးခြင်း၊ အာဟာရမပြည့်ဝခြင်း၊ ကူးစက်ရောဂါများ ဖြစ်ပေါ်လာနိုင်ခြင်းတို့ကြောင့် ကြိုတင်ပြင်ဆင်  ဆောင်ရွက်ထားသင့်သည်များကို ရှင်းလင်းပြောကြားပြီး ခရိုင်ဦးစီးမှူး ဒေါက်တာအေးချမ်းက အယ်လ်နီညိုကြောင့် တိရစ္ဆာန်အစာများ ရှားပါးခြင်းနှင့် မျိုးပွားထုတ်လုပ်မှုကျဆင်းရခြင်း အကြောင်းတို့ကို မွေးမြူရေး  တောင်သူများအား အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာအောင်စိုးလင်းက ဟောပြောပွဲ တက်ရောက်လာသူများအား အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ချိုမြတ်မြတ်ထွေး(ပြန်/ဆက်)