အိမ်မဲ အောက်တိုဘာ ၁
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှ အ.ထ.က (၁) ကျောင်းတွင် ကျောင်းကြက်ခြေနီနှင့် ရှေးဦးပြုစုခြင်းသိကောင်းစရာဟောပြောပွဲကို ယမန်နေ့က အဆိုပါကျောင်း၏ ရွေညီလာခန်းမ၌ဆောင်ရွက်ခဲ့သည်။
အဆိုပါဟောပြောပွဲတွင် အိမ်မဲမြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဒေါ်စန်းယုရွှေက ကြက်ခြေနီအကြောင်း၊ အခြေခံမူများ၊ လူသားချင်းစာနာထောက်ထားခြင်း၊ ခွဲခြားမှုမရှိခြင်း၊ ကြားနေခြင်း၊ လွတ်လပ်ခြင်း၊ စေတနာဝန်ထမ်းအကျိုးဆောင်ခြင်း၊ စည်းလုံးညီညွတ်ခြင်း၊ ကမ္ဘာတစ်ဝန်းပျံ့နှံ့ခြင်း၊ ရှေးဦးပြုစုခြင်းနှင့် ရည်ရွယ်ချက်များကို အကျယ်တဝင့်ဟောပြောခဲ့သည်။ ဆက်လက်ပြီး မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များက ရှေးဦးပြုစုခြင်းအကြောင်းကို လက်တွေ့ပြသပေးခဲ့ပြီးအခမ်းအနားသို့ အ.ထ.က (၁) ကျောင်းမှ ကျောင်းသား၊ကျောင်းသူ (၈၃) တက်ရောက်ခဲ့သည်။
အဆိုပါရှေးဦးပြုစုခြင်းအကြောင်းအရာများကို ဟောပြောပေးပြီး လက်တွေ့ပြသပေးခြင်း၏ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိတို့ပတ်ဝန်းကျင်ရှိ လူများဘေးဒုက္ခ အမျိုးမျိုးကျရောက်ပါက ချက်ခြင်းတုံ့ပြန်ကယ်ဆယ် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းသိရသည်။
ချစ်သက်လယ် (အိမ်မဲ ပြန်/ဆက်)