ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ
Oct 01,2023
၂၀၂၃ ခုနှစ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ (၅၉) နှစ် မြောက်နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားကို အောက်တိုဘာ ၁ ရက် နံနက် ၉ နာရီက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ဧရာရပ်ကွက်ရှိ လေ့ကျင့်ရေးအလယ်တန်းကျောင်း ပညာအားမာန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြပြီး အခမ်းအနားတွင် ပြည်နယ်အတွင်း မှုခင်းကျဆင်းရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေ စိုးမိုးရေး လုပ်ငန်းတာဝန်များကို စွမ်းစွမ်းတမံတာဝန်ထမ်းဆောင်ခဲ့ကြသော ရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုဆုချီးမြှင့်ခဲ့ကြသည်။