ဘုတ်ပြင်း အောက်တိုဘာ ၁
တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင်ဘုတ်ပြင်းမြို့၌ (၅၉) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားကို ယနေ့နံနက်က ဘုတ်ပြင်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ် ခဲ့သည်။
အခမ်းအနားတွင် ဘုတ်ပြင်းခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းဌေးက အဖွင့်အမှာစကားပြောကြားသည်။ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်မှ ပေးပို့သည့် (၅၉) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ သဝဏ်လွှာအား ဘုတ်ပြင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်ကျော်အောင်က ဖတ်ကြားသည်။
ဆက်လက်၍ ရဲဒုတပ်ကြပ်အဆင့်မှ တပ်ကြပ်အဆင့်သို့တိုးမြှင့်သည့် တပ်ဖွဲ့ဝင်အား ခရိုင်ရဲတပ်ဖွဲ့မှူးနှင့်မြို့နယ်ရဲတပ်ဖွဲ့မှူးတို့က အဆင့်တိုးမြှင့် ရာထူးတံဆိပ် အသီးသီးတပ်ဆင်ပေး ခဲ့သည်။ဆက်လက်၍ (အငြိမ်းစား) ရဲမှုထမ်းဟောင်းများအား အထိမ်းအမှတ် အမှတ်တရလက်ဆောင်များကို ခရိုင်ရဲတပ်ဖွဲ့မှူးက ပေးအပ်ခဲ့သည်။
ထို့နောက် (၅၉) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ်အဖြစ် Vedio Clip ကို ပြသရာ တက်ရောက်လာ ကြသူများက ကြည့်ရှုကြခဲ့သည်။
အခမ်းအနားသို့ ဘုတ်ပြင်းခရိုင်/မြို့နယ် အုပ်ချုပ်ရေးမှူးများနှင့် ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများ ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊အငြိမ်းစား ရဲမှုထမ်းဟောင်းများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။
မြို့နယ် (ပြန်/ဆက်)