(၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာ အဆို၊အက၊အရေး၊အတီး တိုင်းဒေသကြီးအဆင့်တွင် အောင်လံခရိုင်မှ ပထမဆုရရှိသူများအား ဂုဏ်ပြုဆုချီမြှင့်ပွဲကျင်းပ

အောင်လံ အောက်တိုဘာ ၁

မကွေးတိုင်းဒေသကြီး၊အောင်လံခရိုင် အောင်လံမြို့နယ်တွင် (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီးတိုင်းဒေသကြီးအဆင့်တွင် အောင်လံခရိုင်မှ ပထမဆုရရှိသူများအား ဂုဏ်ပြုဆုချီမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၁၁) နာရီက ခရိုင်စီမံအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားသို့ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်မျာ အဆို၊ အက၊ အရေး၊ အတီးကော်မတီဝင်များ ပြိုင်ပွဲဝင်ဆုရရှိသူများ တက်ရောက်ခဲ့ကြသည်။ ရှေဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းမှ ဂုဏ်ပြုအဖွင့်အမှာစကား ပြေားကြားပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ညဦးကျော်နိုင်မှဆုရရှိသူများအား ဂုဏ်ပြုစကားပြောကြားခဲ့သည်။ ထို့နောက်မြန်မာ့ရိုးရာအဆို၊ အက၊ အရေး၊ အတီး တိုင်းဒေသကြီးအဆင့်ပြိုင်ပွဲ၌ မနွယ်နွယ်ဦးက မဟာဂီတနှင့် ခေတ်ဟောင်းကာလပေါ် ပထမဆု၊ မဆုဝတီက အမျိုးဂုဏ်ဇာတိဂုဏ်ပထမဆု၊ မကေသီထွန်း မြန်မာ့ဆိုင်းတစ်ဦးချင်းပထမဆုနှင့် မောင်မင်းသန့်အာကာဇော်က မဟာဂီတ၊ခေတ်ဟောင်းကာလပေါ်တို့တွင် ပထမဆုအသီးသီးရရှိသဖြင့် ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့တို့မှ ထပ်ဆင့်ဂုဏ်ပြုဆုများပေးအပ်ရာ ဆုရရှိသူတစ်ဦးမှ ကျေးဇူးတင်စကားပြောကြား ခဲ့ကြောင်းသိရသည်။

မြို့နယ် (ပြန်/ဆက်)