မောင်တော အောက်တိုဘာ ၁
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ မြေပြင်တစ်အိမ်တက်ဆင်း စမ်းသပ်သန်းခေါင်းစာရင်း စတင်ကောက်ယူခြင်းကို ယနေ့နံနက် ၉ နာရီအချိန် မြို့မအနောက်ရပ်ကွက် ကောက်ကွက်တစ်ကွက်တွင် စတင်ကောက်ယူခဲ့ကြသည်။
မောင်တောမြို့နယ်အတွင်းရှိ မြေပြင်တစ်အိမ်တက်ဆင်း စမ်းသပ်သန်းခေါင်း စာရင်းစတင်ကောက်ယူရာတွင် ရပ်ကွက်/ကျေးရွာအုပ်စုများအနက် မြို့မအနောက်ရပ်ကွက် ကောက်ကွက်တစ်ကွက်တွင် စာရင်းကောက်ယူရေး အဖွဲ့သုံးဖွဲ့ဖြင့် နှစ်ရက်တာကောက်ယူမည့်ဖြစ်ပြီး မင်္ဂလာကြီးကျေးရွာအုပ်စုတွင် ကောက်ကွက် ၅ ကွက်ရှိရာ ကောက်ကွက် တစ်ကွက်တွင် စာရင်းကောက်ယူရေးအဖွဲ့သုံးဖွဲ့ဖြင့် အောက်တိုဘာ ၃ ရက်နေ့မှ ၁၅ ရက်နေ့ထိ ကောက်ယူမည့်ဖြစ်သည်။ အဆိုပါ စမ်းသပ်သန်းခေါင်းစာရင်းကောက်ယူရေး အဖွဲ့များအနေဖြင့် တိကျမှန်ကန်မြန်ဆန်စွာ ကောက်ယူနိုင်ရေး ဌာနဆိုင်ရာများပါဝင်သည့် ရပ်ကွက် / ကျေး ရွာ အုပ်စုကော်မတီများအလိုက် ဖွဲ့စည်းထားပြီးဖြစ်ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)