သတင်းများ

မကွေးတိုင်းဒေသကြီးအတွင်းသာမက မြန်မာတစ်နိုင်ငံလုံးတွင် အသက်ကြီးဆုံး (၁၂၃)နှစ်ရှိ အဘွား ဒေါ်ချောယဉ် အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ အခမ်းအနားသို့ တက်ရောက် ကန်တော့ခံ
Oct 02,2023
၂၀၂၃ ခုနှစ် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနားနှင့် သက်ကြီးဘိုးဘွား များအား ပူဇော်ကန်တော့ပွဲကို အောက်တိုဘာ ၂ ရက် နံနက် ၁၀ နာရီက မကွေးမြို့ ဖန်ခါးမြေ ဘိုးဘွားရိပ်သာဓမ္မာရုံ၌ ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ အဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီးများ၊ တပ်မတော် အရာရှိကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မကွေးတိုင်းဒေသကြီးမှ ဂုဏ်ပြုခံ ဘိုးဘွားများ တက်ရောက်ခဲ့ကြသည်။
ဘူးသီးတောင်မြို့၌ မွေးစမှအသက်တစ်နှစ်အောက် ကလေးများအားပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများဆောင်ရွက်
Oct 02,2023
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ မြို့ပေါ်ရပ်ကွက်များအတွင်းရှိ ကလေးငယ်များအားမွေးစမှ အသက်တစ်နှစ်အောက်ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေး ကျန်းမာ ရေးဌာန၌ စတင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဒေးဒရဲမြို့၌ မွေးကင်းစမှ အသက်(၁)နှစ်ခွဲအောက် ကလေးများနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်ခြင်းများ ဆောင်ရွက်
Oct 02,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် မွေးကင်းစမှ အသက်(၁)နှစ်ခွဲအောက် ကလေးများနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်လုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယနေ့နံနက်(၈)နာရီကစတင်၍ သက်ဆိုင်ရာ ကာကွယ်ဆေးထိုးစုရပ်များတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
သရက်ချောင်းမြို့နယ်၌ မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ပုံမှန်ကာကွယ်ဆေးများ တိုက်ကျွေး/ထိုးနှံပေး
Oct 02,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းရှိ မွေးကင်းစမှ အသက် (၂)နှစ်အောက် ကလေးသူငယ်များအား ကျန်းမာရေးစောင့်ရှောက်မှုဖြင့် ပုံမှန်ကာကွယ်ဆေး တိုက်ကျွေး/ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်မှစ၍ သရက်ချောင်းမြို့၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနတွင် ဆောင်ရွက်ပေးလျက်ရှိသည်။
ရွှေဘိုမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကွန်ပျူတာအခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၃) သင်တန်း ဆင်းပွဲကျင်းပ
Oct 02,2023
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ​ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေသဖွံ့ဖြိုးတိုးတက်ရေး လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်‌ရေး လူငယ်လူရွယ်များ၏ အသိပညာ၊ အတတ်ပညာ မြင့်မားတိုးတက်စေရေးနှင့် ပညာရှင်များ ထွန်းကားလာစေရန် ရည်ရွယ်၍ ဖွင့်လှစ်သည့် ကွန်ပျူတာ အခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၃) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီချိန် ​ရွှေဘိုခရိုင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့​ကြောင်းသိရသည်။
ပိုင်ကျုံမြို့ရှိ ဝဥစိုက်တောင်သူများ  ဝဥပေါ်ချိန်၌ မိသားစုအပိုဝင်ငွေရရှိ
Oct 02,2023
ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့ရှိ ဒေသခံပြည်သူများအနေဖြင့် လယ်ယာစိုက်ပျိုးရေးအပြင် ဒေသထွက် စိုက်ပျိုးရေးတစ်ခုဖြစ်သည့် ဝဥစိုက်ပျိုးခြင်းအား ယနေ့အချိန်တွင် တစ်ပိုင်တစ်နိုင်သာမက စျေးကွက်စီးပွားရေးအဖြစ်သို့ အသွင်ကူးပြောင်းစိုက်ပျိုးလျက်ရှိ‌ကြောင်း သိရသည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေး ဟိုပုံးမြို့နယ်၌ (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားသို့တက်ရောက်
Oct 02,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် (၅၉)နှစ် မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားကို ယမန်နေ့ မွန်းလွှဲ(၂)နာရီအချိန်က ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေ ခန်းမတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
တိုင်းဒေသကြီးဝန်ကြီးချုပ် (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနား တက်‌ရောက်
Oct 02,2023
(၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး (၅၉) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့တွင် ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ (၁)နှစ်တာကာလအတွင်း အကြမ်းဖက်အဖွဲ့များ၏ လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရမိအောင်နှင့် အများပြည်သူ စိတ်ဝင်စားပြီး ထူးခြားသည့်မှုခင်းများ၌ စွမ်းစွမ်းတမံ ဖော်ထုတ်ပေးခဲ့ကြသည့် ရဲတပ်ဖွဲ့ဝင် (၈၉)ဦးကို ဆုများချီးမြှင့်နိုင်ခဲ့ကြောင်း သိရပြီး အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ဇနီး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။