နမ့်စန်တွင် (၅၉) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားကျင်းပ

နမ့်စန်(တ) အောက်တိုဘာ ၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် (၅၉) နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၁၀နာရီက အမှတ် (၄) ရပ်ကွက်ရှိ နမ့်စန် မြို့မရဲစခန်းဓမ္မာရုံအတွင်းတွင် ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ နမ့်စန်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ကျော်ဝင်းက အဖွင့်မိန့်ခွန်းပြောကြားခဲ့သည်။

ထို့နောက် ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်ထံမှ ပေးပို့လာသည့် ရဲတပ်ဖွဲ့နေ့အထိမ်းအမှတ်သဝဏ်လွှာအား နမ့်စန်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်မျိုးဝင်းက ဖတ်ကြားခဲ့သည်။

ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးတင်ကျော်ဝင်းက ရှမ်းပြည်နယ်ရဲတပ်ဖွဲ့အဆင့် စံပြရဲစာမေးပွဲတွင် ပထမဆုရရှိခဲ့သူ နမ့်စန်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်ကြပ်စောထွန်းအား ဂုဏ်ပြုဆုချီးမြှင့်ပေးခဲ့သည်။

ဆက်လက်၍ အခမ်းအနားအစီအစဉ် ဒုတိယပိုင်းကို ဆက်လက်ဆောင်ရွက်ရာ ရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် ဖူဆယ်ဘောလုံးပြိုင်ပွဲတွင် ပထမရရှိခဲ့သော ဗိုလ်လွင် FC အသင်းကို နမ့်စန်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးကျော်မျိုးဝင်းက ပထမဆုဖလားနှင့် ဆွဲပြားများပေးအပ်ချီးမြှင့်ခဲ့ပြီး ဒုတိယဆုရရှိသော Justic FC အသင်းကို မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်ကျော်မိုး က ဆုငွေနှင့် ဆုတံဆိပ်ဆွဲပြားများ ပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့နောက် နမ့်စန်ခရိုင်ရဲတပ်ဖွဲ့မှ ဒုခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးမင်းသိန်းနှင့် တာဝန်ရှိသူများက ရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် မိသားစုအားကစားပြိုင်ပွဲများတွင် ဆုများရရှိခဲ့သော ရဲတပ်ဖွဲ့ဝင် မိသားစုများကို ဂုဏ်ပြုဆုငွေများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး စုစုပေါင်းငွေကျပ် (၁၀) သိန်းကျော်တန်ဖိုးရှိ လက်ဆောင်ပစ္စည်းများကို ကံစမ်းမဲဖောက်၍ ရဲတပ်ဖွဲ့ဝင်များကို ပေးအပ်ခဲ့ကြောင်းသိရသည်။

သူရအောင် (နမ့်စန်)