ညောင်ဦး အောက်တိုဘာ ၁
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးလာရောက်သူ အောက်တိုဘာ ၁ ရက် တော်သလင်းလပြည့်ကျော် (၂) ရက်၊ တနင်္ဂနွေနေ့တွင် ဘုရားဖူးလေ့လာရေးလာရောက်သူ ဆက်လက်များပြားလျက်ရှိကြောင်း သိရသည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ဘုရားဖူးလာရောက်ကြရာ ပြန်လည်ဖွင့်လှစ်ထားသည့် ဟိုတယ် ၇၃ လုံးပြည့်နေပြီး နေ့ခြင်းပြန်ဘုရားဖူးခရီးသွားများလည်း အလွန်များပြားလျက်ရှိကြောင်း သိရသည်။ မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးလာရောက်သူ များသည် သမိုင်းအထင်ကရဘုရား ဘုရားဖူးဝင်ရောက်သူများပြားလျှက်ရှိသလို သမိုင်းစာအုပ်များဖတ်၍ နံရံဆေးရေးပန်းချီရှိသည့် ဘုရားများ၊ ဗိသုကာပညာအဆင့်အ တန်းမြင့်မြင့်တည်ဆောက်ထားသည့် ဘုရားများ၊ Online ပေါ်တွင်နာမည်ကြီးနေသည့် ဘုရားများဖြစ်သည့် ရွှေဂူကြီးဘုရားခေါ်နန်းဦးဘုရား၊ သူငယ်တော်ဘုရား၊ စိမ်းညက်အမ ဘုရား၊ ရွှေကွန်ခြာဘုရား၊ စိုးမင်းကြီးအုတ်ကျောင်း၊ စိုးမင်းကြီးဘုရား၊ကျောက်မျက်မှော် ဘုရား၊တို့တွင်လည်း ဘုရားဖူးလေ့လာရေးလာရောက်သူများပြားလျှက်ရှိကြောင်း ၊ ဂေါပကအဖွဲ့ထားရှိသည့် ဘုရား (၁၈) ဆူဖြစ်သော ရွှေစည်းခုံ၊ တုရင်တောင်၊ လောကနန္ဒာစွယ် တော်မြတ်စေတီ၊ ငှက်ပစ်တောင်၊ ထီးလိုမင်းလို၊ အလိုတော်ပြည့် ၊မဟာငှက်ပစ်တောင်၊ စူဠာမဏိ၊ ဓမ္မရံကြီး၊ ပြဿာဒ်ကြီးဘုရား၊ မဟာဗောဓိဘုရား၊ ဗူးဘုရား၊ ကန်တော့ပလ္လင် ဘုရား၊ ရွှေဆံတော်ဘုရား၊ ဓမ္မရာဇကဘုရား၊ အာနန္ဒာဘုရား၊ သဗ္ဗညုဘုရားနှင့်ဓမ္မရံကြီး ဘုရားတို့တွင် ဘုရားဖူးများကြိတ်ကြိတ်တိုးများပြားလျှက်ရှိကာ ဘုရားများတည်ဆောက် ပုံဗိသုကာပညာလေ့လာလိုသူများ၊ နံရံဆေးရေးပန်းချီလေ့လာလိုသူများကလည်း သူငယ်ချင်းမိတ်ဆွေအပေါင်းအသင်းများနှင့် E-BIKE များဖြင့်ငှားရမ်းစီးကြကာ အဖွဲ့လိုက် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ် မြေထဲတွင် လေ့လာလျှက်ရှိကြပြီး ဓာတ်ပုံ၊ ဗီဒီယိုရုက်ကူးရန် ဓာတ်ပုံဝါသနာရှင် အလှဓာတ်ပုံဝါသနာရှင်များကလည်း ရင်မနားဘုရားအစုအဝေး၊ ခေမင်္ဂဘုရားအစုအဝေး၊ သစ္စာမဏ္ဏိုင်ဘုရားအစုအဝေး၊ ရွှေနန်းရင်တောကျောင်းတိုက်အ စုအဝေးတို့တွင် အလှဓာတ်ပုံ၊ဗီဒီယိုရိုက်သူများ များပြားလျှက်ရှိကြောင်း၊တော်သလင်း လပြည့်ကျော် (၂) ရက်နေ့တွင်လည်း ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ဘုရားဖူး လေ့လာရေားလာရောက်သူများပြားလျှက်ရှိရာ ပြည်တွင်းဧည့်လမ်းညွှန်များ၊ ဧည့်ကားအ ငှားလိုက်သူများ၊ မီနီအိုးဝေခေါ်သုံးဘီးအငှားလိုက်သူများ၊ အီးဗိုက်အငှားလိုက်သူ၊ မြင်း လှည်းအငှားလိုက်သူများအဆင်ပြေနေကြပြီး၊ စားသောက်ဆိုင်များ၊ လက်အလှပန်းချီရေး ဆွဲသူများ၊ ပုဂံရောက်အမှတ်တရပစ္စည်းအရောင်းဆိုင်များ၊ စာသောက်ဆိုင်များလည်း ဝင်ငွေတွက်ခြေကိုက်အဆင်ပြေနေကြကြောင်း၊ ခရီးသွားဝင်ရောက်မှုများပြားလာခဲ့ခြင်း နှင့်အတူ ဟိုတယ်၊မိုတယ်(၇၃)လုံးတွင်လည်း ပြည့်သလောက်ရှိနေကြောင်းသိရကာ ဘုရားဖူးလေ့လာရေးလာရောင်သူဆက်လက်များပြားလျှက်ရှိကြောင်း ညောင်ဦးမြို့ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန(ပုဂံရုံးခွဲ)တာဝန်ရှိသူများထံကသိရသည်။
ဒီပါလင်း
ညောင်ဦးခရိုင် (ပြန်/ဆက်)