မြန်အောင် အောက်တိုဘာ ၂
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်အတွင်း ငွေလုံးငွေရင်းအသုံးစရိတ် ခွင့်ပြုရံပုံငွေဖြင့် အမှတ်(၂) ရပ်ကွက် စာတိုက်တဲကြီးကုန်းလမ်း ကွန်ကရစ်ခင်းခြင်း (၉၂၅'×၂၀'×၇") လုပ်ငန်းဆောင်ရွက်ပြီးစီးမှုကို ယမန်နေ့က မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျင်စိုးနှင့် အင်ဂျင်နီယာမှူး ဦးရဲစိုး ဦးဆောင်သောအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
မြန်အောင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်အတွင်း မြို့ပြလမ်း (၇)လမ်း ကွန်ကရစ်ခင်းခြင်း ပေအရှည်(၃၃၄၅)ပေနှင့် Box Culvert (၅)စင်း တည်ဆောက်ပြီးဖြစ်ကြောင်းနှင့် ကတ္တရာထပ်ပိုးလွှာခင်းခြင်း လမ်း(၃)လမ်း ပေအရှည် (၁၇၆၀) ပေ ၊ ကျောက်ချောလမ်းအရှည် ပေ (၆၀၀) ၊မြေသားလမ်းအရှည် ပေ(၈၀၀) ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဝင်းဗိုလ် (ပြန်/ဆက်)