စဉ့်ကူးမြို့တွင် စားသုံးဆီများကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး
Oct 03,2023
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ စဉ့်ကူးမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ကုန်ဈေးနှုန်းတည်ငြိမ်စေရေးနှင့် ပြည်သူများ သက်သာချောင်ချိရေးတို့ကို ရည်ရွယ်၍ ယနေ့နံနက် (၈) နာရီအချိန်မှစ၍ စဉ့်ကူးမြို့ မြို့မဈေးကြီးအတွင်း မြို့ပေါ် ရပ်ကွက်များမှပြည်သူများအား စားသုံးဆီများကို (၁)ပိဿာလျှင် (၄၈၄၈) ကျပ် ဖြင့် ရောင်းချ ပေးခဲ့သည်။