သတင်းများ

နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦး လူသုံးကုန်ထုတ်လုပ်ရေးသင်တန်း အမှတ်စဉ်(၁)သင်တန်းဖွင့်ပွဲ တက်ရောက်ပြီး လယ်ဝေးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးအခမဲ့စောင့်ရှောက်ပေးနေမှုများအား ကြည့်ရှု၍ အခြေခံစားသောက်ကုန်များ ထောက်ပံ
Dec 27,2023
နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီမှကြီးမှူး၍ နေပြည်တော်အသေးစား စက်မှုလုပ်ငန်းဦးစီးဌာနနှင့် နေပြည်တော်လူငယ်ရေးရာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် လူသုံးကုန်ထုတ်လုပ်မှုနည်းသင်တန်း အမှတ်စဉ်(၁/၂၀၂၃)သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ အားကစားလေ့ကျင့်ရေးစခန်း(၂)၌ ကျင်းပရာ နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဦးဇင်မင်းထက်နှင့် တာဝန်ရှိသူများ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့် နေပြည်တော်ဌာနဆိုင်ရာများ၊  နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီဝင်များ၊ လယ်ဝေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းပို့ချမည့် ဆရာ/ ဆရာမများနှင့် သင်တန်းသား/ သင်တန်းသူများ တက်ရောက်ကြသည်။
(၇၄) ကြိမ်မြောက် (၃၈) ဖြာ မင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲကျင်းပ
Dec 27,2023
YMBA ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (ဗဟို) မှ ကြီးမှူးကျင်းပသော (၇၄) ကြိမ်မြောက် (၃၈) ဖြာ မင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲ ပထမအဆင့်ကို ယနေ့မွန်းလွဲ ၁ နာရီအချိန်က မွန်ပြည်နယ် မုဒုံမြို့နယ်အတွင်းရှိ စာဖြေဌာန (၁၈) ခု၌ ကျင်းပခဲ့သည်။
ချောက်ခရိုင်စုပေါင်းရုံး RC (၂) ထပ် ဆောက်လုပ်ဆဲ အဆောက်အဦအား ကြည့်ရှုစစ်ဆေး
Dec 27,2023
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့ အမှတ် (၁၄) စစ်ကွင်းရပ်ရှိ ချောက်ခရိုင်စုပေါင်းရုံး RC (၂) ထပ်ဆောက်လုပ်ဆဲ အဆောက်အဦအား ကြည့်ရှုစစ် ဆေးခြင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဌေးကျော်နှင့် ခရိုင်အနီးကပ်ကြီးကြပ်ရေး အရည်အသွေးစစ်ဆေးရေးနှင့် လက်ခံရေး ကော်မတီအဖွဲ့ဝင်များက ကြည့်ရှုစစ်ဆေးခဲ့သည်။
ပခုက္ကူတက္ကသိုလ်၌ ၂၀၂၄ခုနှစ်၊ တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေး အထောက်အကူပြု ဘာသာရပ်ဆိုင်ရာဆွေးနွေးပွဲ ပြုလုပ်
Dec 27,2023
မ‌ကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ရှိ ပခုက္ကူတက္ကသိုလ်၌ အခြေခံပညာရေးကဏ္ဍမြှင့်တင်ရေးနှင့် ၂၀၂၄ခုနှစ်၊ တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေး အထောက်အကူပြုဘာသာရပ်ဆိုင်ရာဆွေးနွေးပွဲကို ယနေ့ နံနက် ၉နာရီခွဲအချိန်က အဆိုပါတက္ကသိုလ်၊ ကျွန်းရွှေဝါခန်းမ၌ ကျင်းပပြုလုပ်သည်။
သရက်မြို့၌ မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ မြို့မဈေးကြီးတွင် ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်
Dec 27,2023
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ မြို့မဈေးကြီးတွင် ဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယနေ့ မွန်းလွဲ (၁) နာရီက မြို့မဈေး အပြင်နှင့်အတွင်းသို့တွင် ဆောင်ရွက်ခဲ့ရာ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ဖိတ်ကြားထားသည့် ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ဈေးကော်မတီဝင်များနှင့် ဈေးသူ၊ ဈေးသားများ တက်ရောက်ကြသည်။
သရက်ချောင်းမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်၌ နိုင်ငံ့ဝန်ထမ်းပင်စင်စား (အငြိမ်းစား)များအား ကျန်းမာရေးစောင့်ရှောက်မှုများ ကွင်းဆင်းဆောင်ရွက်ပေး
Dec 27,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများအား လစဉ်ပုံမှန်ထုတ်ပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီခွဲအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် နိုင်ငံ့ဝန်ထမ်းပင်စင်စား (အငြိမ်းစား)များအား ကျန်းမာရေးစောင့်ရှောက်မှုများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။
မဟာအောင်မြေမြို့နယ်၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် နိုင်လွန်ကတ္တရာလမ်းသစ် ဖွင့်ပွဲအခမ်းအနားကျင်းပ
Dec 27,2023
မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၂)ရပ်ကွက်၊ ၆၂x၄၀ လမ်းထောင့်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ ဆောင်ရွက်ပြီးစီးခဲ့သော မဟာအောင်မြေမြို့နယ် ၆၂လမ်း၊ ၃၅လမ်းမှ ၁၀၁(သိပ္ပံ)လမ်းအထိ နိုင်လွန်ကတ္တရာလမ်းသစ် ဖွင့်ပွဲအခမ်းအနားအား ကျင်ပပြုလုပ်ခဲ့ရာ အခမ်းအနားသို့  မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးမျိုးအောင်နှင့် အစိုးရအဖွဲ့၀င် ၀န်ကြီးများ၊ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ(ဥက္ကဌ) မြို့တော်ဝန် ဦးကျော်ဆန်း၊ တိုင်းအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဝေဇင်ထွန်းနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်း အင်အား (၁၅၀)ဦးခန့် တက်ရောက်ခဲ့သည်။
မြိတ်မြို့တွင် ပင်စင်လစာထုတ်ယူသည့် အငြိမ်းစားဝန်ထမ်းများအား ဆန်နှင့်ဆီကို သက်သာသောဈေးနှုန်းဖြင့်ရောင်းချပေးပြီး အခမဲ့ကျန်းမာရေးစစ်ဆေးကုသပေး
Dec 27,2023
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ပင်စင်လစာထုတ်ယူကြသည့် အငြိမ်းစားဝန်ထမ်းများအား တိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် ယနေ့နံနက်ပိုင်းက မြန်မာ့စီးပွားရေးဘဏ်အနီး၌ ဆန်နှင့်ဆီကို သက်သာသောဈေးနှုန်းဖြင့်ရောင်းချပေးပြီး ဘဏ်အနီးရှိ မြို့နယ်ကြက်ခြေနီအသင်းခွဲမှဖွင့်လှစ်ထားသည့် အခမဲ့ဆေးကုခန်းတွင် အခမဲ့ကျန်းမာရေးဆေးစစ် ကုသပေးသည်။