သတင်းများ

၂၀၂၃-၂၀၂၄ ပညာသင်နှစ် (Grade-5) မြို့နယ်အဆင့်နောက်ဆက်တွဲသင်တန်း တွံတေး၌ ဆက်လက်ပို့ချ
Dec 27,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများ လုပ်ငန်းစွမ်းဆောင်ရည်တိုးတက်စေရန်နှင့် သင်ခန်းစာများကို ကျွမ်းကျင်စွာသင်ကြားပေးနိုင်ရန်ရည်ရွယ်၍ မြို့နယ်ပညာရေးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် သင်ရိုးသစ် Grade-5 မြို့နယ်အဆင့်နောက်ဆက်တွဲသင်တန်းကို ယနေ့နံနက် ၉ နာရီတွင် အ.ထ.က(၁)တွံတေး၌ ဆက်လက်ပို့ချသင်ကြားလျက်ရှိကြောင်း သိရသည်။
မြောင်းမြမြို့နယ် ပေသလက်ကုန်း-ပြင်ရွာ လမ်း ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းများ ဆောင်ရွက် ပြီးစီးမှုအား ကြည့်ရှုစစ်ဆေး
Dec 27,2023
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် မြောင်းမြမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ်​၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေဖြင့် KKP- Tellus Co.ltd မှ တာဝန်ယူဆောင်ရွက်သည့် ပေသလက်ကုန်း - ပြင်ရွာလမ်း  ကွန်ကရစ်လမ်းခင်းခြင်း (၀/၄ မိုင် x ၁၂ ပေ x ၇ လက်မ ) လုပ်ငန်းအား သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) ဒေါ်သန္တာဝင်းနှင့် ဌာနတာဝန်ရှိသူများက ဒီဇင်ဘာလ ၂၁ ရက်နေ့က  လုပ်ငန်းများဆောင်ရွက်ပြီးစီးမှု အခြေအနေအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။
မိုင်းယုမြို့၌  (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အခမ်းအနားနှင့် ပျော်ပွဲရွှင်ပွဲများကျင်းပနိုင်ရေး ညှိနှိုင်းစည်းဝေးပြုလုပ်
Dec 27,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အခမ်းအနားနှင့် ပျော်ပွဲရွှင်ပွဲများ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉နာရီခွဲက မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးဆောင်ရွက်
Dec 27,2023
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မြို့နယ်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးမှူးအဖွဲ့ဝင်များ ယမန်နေ့နံနက်ပိုင်း ၁၀ နာရီ၌ ညှိနှိုင်းစည်းဝေး ကျင်းပပြုလုပ်သည်။
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင့်လွင် စကုမြို့ No.1 ကိုယ်ပိုင်အထက်တန်းကျောင်း၌ ကျင်းပသည့် အခြေခံကင်းထောက်သင်တန်း အပတ်စဉ်(၁)သင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်
Dec 27,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ စကုမြို့ No.1 ကိုယ်ပိုင်အထက်တန်းကျောင်း၌ အခြေခံကင်းထောက်သင်တန်း အပတ်စဉ်(၁)ကို သင်တန်းသား ၉၃ ဦးဖြင့် ယခုလ ၂၂ ရက်နေ့မှ ၂၆ ရက်နေ့အထိ ၅ ရက်ကြာ ဖွင့်လှစ်သင်ကြားခဲ့ပြီးနောက် အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၆ ရက် မွန်းလွဲပိုင်းကကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင့်လွင်နှင့်အတူ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လမ်းပမ်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးလင်းထွဋ်၊ တိုင်းဒေသကြီးပညာရေးမှူး ဦးသက်လေးဦးနှင့် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများ၊ ကျောင်းသားမိဘများနှင့် သင်တန်းသားကင်းထောက် မောင်မယ်(၉၃)ဦး တက်ရောက်ခဲ့ကြသည်။
ကန်ကြီးထောင့်မြို့နယ်တွင် မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ် မှ၂၀၂၃ ဆောင်းရာသီ စိုက်ပျိုးစရိတ် ချေးငွေ ၈၁.၄၉ ရာခိုင်နှုန်း ထုတ်ချေးပြီးဖြစ်
Dec 27,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်မှ မြို့နယ်အတွင်းရှိ တောင်သူများထံသို့ ၂၀၂၃ ဆောင်းရာသီစိုက်ပျိုးစရိတ် ချေးငွေများအား  အောက်တိုဘာလ ၁၃ ရက်နေ့ မှစတင်ထုတ်ချေးခဲ့ရာ ဒီဇင်ဘာလ ၂၇ ရက်နေ့အထိ ၈၁.၄၉ ရာခိုင်နှုန်း ထုတ်ချေးပြီးဖြစ်ကြောင်း သိရသည်။
ကျိုက်မရောမြို့နယ်၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြပွဲကျင်းပ
Dec 27,2023
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနပူးပေါင်း၍  ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင်ကျရောက်မည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသပွဲကို ယနေ့နံနက် ၁၀ နာရီက အ.လ.က ခွဲသင်္ဃန်းချောင်ကျောင်းခန်းမ၌ ပြုလုပ်သည်။
အငြိမ်းစား ဝန်ထမ်းများ၏ ပင်စင်လစာငွေထုတ်ယူရာတွင် မြန်ဆန်စေရေးနှင့် အာဟာရ ကျွေးမွေးလှူဒါန်း
Dec 27,2023
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများ ထုတ်ယူရာတွင် မြန်ဆန်စေရေးနှင့် အာဟာရဒါန ကျွေးမွေးမှုကို ယနေ့နံနက် ၉း၃၀ နာရီအချိန် ခန့်က ပြုလုပ်ခဲ့သည်။