သတင်းများ

နိုင်ငံတော်သံဃမဟာနာယအဖွဲ့ ထေရဝါဒဗုဒ္ဓသာသနာပြုဩဝါဒါစရိယအဖွဲ့ထံမှ နယ်စပ်နှင့်တောင်တန်းဒေသသို့ သာသနာပြုကြွရောက်မည့် ရဟန်းတော်များ ဩဝါဒခံယူပွဲအခမ်းအနား ကျင်းပ
Dec 29,2023
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ထေရဝါဒဗုဒ္ဓသာသနာပြုဩဝါဒါစရိယအဖွဲ့ထံမှ နယ်စပ်နှင့်တောင်တန်းဒေသသို့ သာသနာပြုကြွရောက်မည့် ရဟန်းတော်များ ဩဝါဒခံယူပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)ရှိ မဟာဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
ဗိုလ်တထောင်မြို့နယ်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို လူငယ်အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲ ကျင်းပ
Dec 29,2023
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို လူငယ်အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကို မြို့နယ်အခြေခံပညာဦးစီးဌာနနှင့် ပူးပေါင်း၍ ဒီဇင်ဘာလ ၂၇ ရက်နေ့ နံနက် ၁၁ နာရီက ဗိုလ်တထောင်မြို့ အခြေခံပညာအထက်တန်းကျောင်းခွဲ၊ အမှတ် (၂) အခြေခံပညာအလယ်တန်းကျောင်း ပတ္တမြားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကော့သောင်းမြို့၌ အငြိမ်းစား ဝန်ထမ်းပင်စင်စားများအား ဆန်နှင့်ဆီများဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးပြီး အခမဲ့ကျန်းမာရေးစစ်ဆေးကုသပေး
Dec 29,2023
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်း‌ခရိုင်၊‌ ကော့သောင်းမြိုနယ်  မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာလာရောက်ထုတ်ယူကြသည့် အငြိမ်းစားဝန်ထမ်းပင်စင်စားများအားစားဝတ်နေရေး အဆင်ပြေစေရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့်ယမန်နေ့နံနက်ပိုင်းက မြန်မာ့စီးပွားရေးဘဏ်ရှေ့၌ ဆန်နှင့်ဆီများရောင်းချပေးလျက်ရှိ ပြီးဘဏ်အတွင်းတွင် ပင်စင်လစာ လာရောက်ထုတ်ယူကြသည့် အငြိမ်းစားဝန်ထမ်းများအား မြို့နယ်ပြည်သူ့ကျန်းမားရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေး စစ်ဆေးခြင်းများကို ဆောင်ရွက်ပေးခဲ့ကြသည်။
စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ်မှ အငြိမ်းစားပင်စင်စားများအား ဆန်နှင့်ဆီ ထောက်ပံ့
Dec 29,2023
နိုင်ငံတာ၀န်ထမ်းဆောင်ပြီး အငြိမ်းစားယူသွားခဲ့ကြသည့် ပင်စင်လစာခံစား‌ နေကြသူများ တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်၍ ဒီဇင်ဘာ ၂၇ ရက်နံနက် ၁၀ နာရီက ‌မြန်မာ့စီးပွားရေးဘဏ်(ရေဦးဘဏ်ခွဲ)တွင် ပင်စင်လာရောက်ထုတ်ယူကြသော အငြိမ်းစား ပင်စင်စားများ ဆန်နှင့်ဆီများ ထောက်ပံ့ပေးခဲ့သည်။
လပွတ္တာမြို့နယ်၊ အမှတ် (၃)အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်အသိပညာပေးဟောပြောပွဲ ကျင်းပ
Dec 29,2023
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်း၊ အားကစားနှင့် ကျန်းမာရေးအသိပညာတိုးပွားစေရန် ရည်ရွယ်၍ လပွတ္တာမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနှင့် အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းတို့ ပူးပေါင်း၍ လူငယ်အသိပညာပေးဟောပြောပွဲကို ဒီဇင်ဘာလ (၂၇)ရက်နေ့ နံနက် ၉ နာရီအချိန်က အဆိုပါကျောင်းရှေ့၌ ပြုလုပ်ခဲ့သည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပြည်နယ်အဆင့် စာစီစာကုံးပြိုင်ပွဲကျင်းပပြုလုပ်နေမှုနှင့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့နှင့် ကချင်ပြည်နယ်နေ့ အခမ်းအနားများ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက
Dec 29,2023
ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ပြည်နယ်ပညာရေးမှူးရုံးက ဦးစီးကျင်းပသည့် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခြေခံပညာကျောင်းပေါင်းစုံ ပြည်နယ်အဆင့် အထက် တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများကို ဒီဇင်ဘာ ၂၇ ရက် နံနက် ၉ နာရီခွဲက မြစ်ကြီးနားမြို့ အမှတ် (၉)အခြေခံပညာအထက်တန်းကျောင်း၊ ရွှေသွေးခန်းမ၌ ကျင်းပပြုလုပ်သည်။
လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အငြိမ်းစားဝန်ထမ်းများအား အခြေခံစားသောက်ကုန်ပစ္စည်းဖြစ်သည့် ဝါးလား (Wah Lar)ခေါက်ဆွဲခြောက်ထုပ်များ ထောက်ပံ့ပေးအပ်
Dec 29,2023
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် အမှတ်(၂)ရပ်ကွက် မြန်မာ့စီးပွားရေးဘဏ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားပင်စင်လစာငွေများကို လစဥ်ပုံမှန်ထုတ်ပေးလျက်ပြီး ပင်စင်လစာလာရောက်ထုတ်ယူလျက်ရှိသည့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများကို ယမန်နေ့ နံနက်ပိုင်းက အခြေခံစားသောက်ကုန်ပစ္စည်းဖြစ်သည့် ဝါးလား(Wah lar) ခေါက်ဆွဲခြောက်ထုပ်များကို တာဝန်ရှိသူများမှ ထောက်ပံ့ပေးအပ်ခဲ့သည်။
တပ်ကုန်းမြို့၌ အငြိမ်းစားဝန်ထမ်းများအား ဆီးချို၊ သွေးတိုး၊ သွားနှင့်ခံတွင်းရောဂါများ (အခမဲ့) စစ်ဆေးပေးခြင်းနှင့် ဆန်၊ ဆီများ ဈေးနှုန်းသက်သာစွာ ရောင်းချပေး
Dec 29,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားပင်စင်လစာ လာရောက်ထုတ်ယူသည့် အငြိမ်းစား ဝန်ထမ်းများအား ဆီးချို၊ သွေးတိုး၊ သွားနှင့်ခံတွင်းရောဂါများ (အခမဲ့) စစ်ဆေးပေးခြင်းနှင့် ဆန်၊ ဆီများ ဈေးနှုန်းသက်သာစွာ ရောင်းချပေးခြင်းကို ယနေ့နံနက်ပိုင်းက မြန်မာ့စီးပွားရေးဘဏ်တွင် ဆောင်ရွက်ပေးခဲ့သည်။