သတင်းများ

နည်းပညာတက္ကသိုလ်(ကျောက်ဆည်)တွင် ၂၀၂၃ -၂၀၂၄ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ ကျင်းပ
Dec 27,2023
မန္တလေးတိုင်းဒေသကြီး၊ နည်းပညာတက္ကသိုလ်(ကျောက်ဆည်)တွင် ယနေ့နံနက်(၈)နာရီခွဲအချိန်က ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို အဆိုပါနည်းပညာ တက္ကသိုလ်(ကျောက်ဆည်) အောင်ဆန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပုဗ္ဗသီရိမြို့နယ် မင်္ဂလာဒီပ အခြေခံပညာအထက်တန်းကျောင်းခွဲ၌ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကျောင်းကောင်စီဥက္ကဋ္ဌဖလားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
Dec 27,2023
ပုဗ္ဗသီရိမြို့နယ် မင်္ဂလာဒီပ အခြေခံပညာအထက်တန်းကျောင်းခွဲ၌  ကျင်းပပြုလုပ်သော (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကျောင်းကောင်စီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို  ယနေ့နံနက် ၉ နာရီက မင်္ဂလာဒီပရပ်ကွက် ဘောလုံးအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ကျွန်းစုမြို့တွင် နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများအား ကျန်းမာရေးစောင့်ရှောက်မှုများ အခမဲ့ ဆောင်ရွက်ပေး
Dec 27,2023
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်အရ ကျွန်းစုမြို့နယ်တွင် ပင်စင်လစာခံစားနေသော နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများအား ယနေ့နံနက်(၈)နာရီအချိန်က မြန်မာ့စီးပွားရေးဘဏ်အတွင်း၌ ကျန်းမာရေးစောင့်ရှောက်မှုများ အခမဲ့ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လိပ်သိုဒေသတွင် နနွင်းတက်များ စတင်တူးဖော်ရောင်းချ
Dec 27,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသခံပြည်သူများမှာ မိသားစုစားဝတ်နေရေးအတွက် အပိုဝင်ငွေရရှိရန် တောင်ယာများတွင် နနွင်းစိုက်ခင်းများ တနိုင်တပိုင်သော်လည်းကောင်း၊ စီးပွားဖြစ်သော်လည်းကောင်း စိုက်ပျိုးထားကြရာ ဒီဇင်ဘာလ နောက်ဆုံးအပတ်မှစ၍ နနွင်းတက်များ စတင်တူးဖော်ရောင်းချနေပြီဖြစ်ကြောင်း သိရသည်။
ဘုတ်ပြင်းမြို့၌ အငြိမ်းစားဝန်ထမ်းပင်စင်စားများအား ဆန်နှင့်ဆီများ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး
Dec 27,2023
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာ လာရောက်ထုတ်ယူကြသည့် အငြိမ်းစားဝန်ထမ်းပင်စင်စားများအား စားဝတ်နေရေး အဆင်ပြေစေရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ညွှန်ကြားမှုဖြင့် ဘုတ်ပြင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်၍ ယနေ့နံနက်က ဘုတ်ပြင်းမြို့ မြန်မာ့စီးပွားရေးဘဏ်၌ သက်သာအရောင်းဆိုင် ဖွင့်လှစ်ရောင်းချပေးလျက်ရှိသည်။
စက်မှု၊ စိုက်ပျိုးမွေးမြူရေးပညာရပ်များ တွဲဖက်သင်ကြားသည့် ကျောင်းများသို့ Grade-9 အောင် ကျောင်းသား/သူများ တက်ရောက်နိုင်မည့် အခွင့်အလမ်းကောင်းများအကြောင်း အသိပညာပေး ဟောပြောပွဲ ကျင်းပ
Dec 27,2023
ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ရေကြည်မြို့နယ်တွင် စက်မှု၊ စိုက်ပျိုးမွေးမြူရေး ပညာရပ်များ တွဲဖက်သင်ကြားသည့် ကျောင်းများသို့ Grade-9 အောင် ကျောင်းသား/သူများ တက်ရောက်နိုင်မည့် အခွင့်အလမ်းကောင်းများအကြောင်း အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် (၁၁)နာရီအချိန်က တေဇာသီရိခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ငါးသိုင်းချောင်းမြို့တွင် ငါးသိုင်းချောင်းမြို့တွင် မြန်မာနိုင်ငံစာရေးဆရာအသင်းနှင့် စာပေချစ်မြတ်နိုးသူများ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ
Dec 27,2023
ငါးသိုင်းချောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ယမန်နေ့ ၁:၀၀ နာရီအချိန်က မြန်မာနိုင်ငံ စာရေးဆရာအသင်းနှင့် စာပေချစ်မြတ်နိုးသူ (book club) (youth club) အဖွဲ့ဝင်များ၊ စာပေဝါသနာရှင်များ တွေ့ဆုံခဲ့ကြောင်း သိရသည်။
လားရှိုးမြို့ ဇမ္ဗူအေးအေတီတပ်ဦးကျောင်းတွင် ဇမ္ဗူအေးဆုတောင်းပြည့်စေတီတော်အား စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်အထွဋ်တင်လှူပူဇော်ပွဲ မဟာမင်္ဂလာကျင်းပ
Dec 27,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ အမှတ် (၁၂) ရပ်ကွက်၊ ဇမ္ဗူအေးအေတီတပ်ဦးကျောင်းတွင် တည်ထားကိုးကွယ်သည့် ဇမ္ဗူအေးဆုတောင်းပြည့်စေတီတော် စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော် အထွဋ်တင်လှူပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က အဆိုပါကျောင်းတိုက်၌ ကျင်းပပြုလုပ်သည်။