သတင်းများ

လသာမြို့နယ်၌ မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းဆိုင်ရာသင်တန်း ဖွင့်လှစ်
Dec 27,2023
ရန်ကုန်တိုင်း​ဒေသကြီး၊ ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ လသာမြို့နယ်၌ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်​နေရာချထား​ရေးဝန်ကြီးဌာန၊ ပြန်လည်​ထူ​ထောင်ရေးဦးစီးဌာနမှ ကြီးမှူး၍ မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းဆိုင်ရာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်က (အထက-၂)လသာ၊ မြညီလာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
နမ့်စန်တွင်  အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၃)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲအုပ်စု မဲနှိုက်ရွေးချယ်
Dec 27,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မတ်ကျန်းဒေသဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်ဖြင့်ဆောင်ရွက်သည့် အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၃)နှစ်အောက်  အမျိုးသားဘောလုံးပြိုင်ပွဲအုပ်စုခွဲ မဲနှိုက်ရွေးချယ်ပွဲကို ယနေ့နေ့လယ် ၂နာရီက အမှတ်(၂)ရပ်ကွက်ရှိ မြို့နယ်ပညာရေးမှူးရုံးခန်းမတွင် ကျင်းပခဲ့ရာ မြို့နယ်ပညာရေးမှူးဦးမြင့်လွင်၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူးဦးအောင်ကိုကိုနှင့်တာဝန်ရှိသူများ၊ မြို့နယ်အား/ကာကော်မတီဝင်များနှင့် အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ တက်ရောက်ခဲ့ကြသည်။
ရပ်စောက်မြို့နယ်တွင် ဗုဒ္ဓကလျာဏယုဝအသင်း(YMBA)ဆိုင်းဘုတ်တင်ပွဲနှင့် အလှူငွေပေးအပ်ပွဲအခမ်းအနားနှင့် (၃၈)ဖြာမင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲ ပြုလုပ်
Dec 27,2023
ရှမ်းပြည်နယ်(တောင်ပိုင်း) ရပ်စောက်မြို့နယ် ဗုဒ္ဓကလျာဏယုဝအသင်း၊ အသင်းခွဲ-၁၉၁ အသင်းဆိုင်းဘုတ်တင်ပွဲနှင့် အလှူငွေပေးအပ်ပွဲအခမ်းအနားနှင့် (၃၈)ဖြာမင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲတို့အား မြို့ကုန်းရပ်ကွက်ရှိ ဘုရားကြီးကျောင်းတိုက်တွင် ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပသည်။
ဥတ္တရသီရိမြို့နယ်၌ အခြေခံစာတတ်မြောက်ရေးသင်တန်းသင်ကြားပို့ချနေခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ ကြည့်ရှုအားပေး
Dec 27,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တသီရိမြို့နယ် အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများတွင် အခြေခံစာတတ်မြောက်ရေးသင်တန်းသင်ကြားပို့ချနေခြင်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးရဲမြတ်သိန်းနှင့်တာဝန်ရှိသူများက ယမန်နေ့ မွန်းလွဲပိုင်းတွင် ကြည့်ရှုအားပေးခဲ့သည်။
ပုဗ္ဗသီရိမြို့နယ် မြန်မာ့စီးပွားဘဏ်၌ အငြိမ်းစားပင်စင်လစာ လာရောက်ထုတ်ယူသည့် အဘိုးအဘွားများအား ကျန်းမာရေးအခမဲ့စောင့်ရှောက်ပေးခြင်းနှင့် စားသုံးဆီများ ရောင်းချပေးခြင်းများ ပြုလုပ်
Dec 27,2023
ပုဗ္ဗသီရိမြို့နယ် မြန်မာ့စီးပွားဘဏ်၌ အငြိမ်းစားပင်စင်လစာ လာရောက်ထုတ်ယူသည့် အဘိုးအဘွားများအား ပုဗ္ဗသီရိမြို့နယ် ခုတင် ၅၀ ဆံ့ ဆေးရုံမှ ကျန်းမာရေးအခမဲ့စောင့်ရှောက်ပေးခြင်းနှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ စားအုန်းဆီများကို သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချပေးခြင်းတို့ကို ယနေ့နံနက်ပိုင်းက ကျင်းပပြလုပ်ခဲ့သည်
(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ချောင်းဆုံမြို့နယ်မူလတန်းကြိုကျောင်းတွင် ကာယစွမ်းရည်ပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပ
Dec 27,2023
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အနေဖြင့် လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးဖွင့်လှစ်ထားသည့် မူလတန်းကြိုကျောင်းရှိ ကျောင်းသား/သူများ ကိုယ်ကာယကျန်းမာကြံ့ခိုင်စေရေး ကာယစွမ်းရည်ပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက်(၈)နာရီက ချောင်းဆုံမြို့နယ် မူလတန်းကြိုကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အကြိုဟောပြောပွဲနှင့်စာစီစာကုံး၊ ကဗျာပြိုင်ပွဲဆုရရှိသူများ ဆုချီးမြှင့်ပွဲ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၌ ကျင်းပ
Dec 27,2023
၂၀၂၄ ခုနှစ် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့်ဆုချီးမြှင့်ပွဲကို ယနေ့နံနက်(၁၀)နာရီတွင် သန်လျင်မြို့ရှိ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
တပ်ကုန်းမြို့၌ အသံမစဲဥပ္ပါတသန္တိပါဋ္ဌိတော်ရွတ်ဖတ်ပူဇော်ခြင်းအောင်ပွဲနှင့် ပန်းပေါင်းစုံဗုဒ္ဓရုပ်ပွားတော်များ ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကျင်းပ
Dec 27,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ဆရာစံရပ်ကွက်၊ မဟာဇနက ပရိယတ္တိစာသင်တိုက်တွင် အသံမစဲဥပ္ပါတသန္တိပါဠိတော်ရွတ်ဖတ်ပူဇော်ခြင်းအောင်ပွဲနှင့်ပန်းပေါင်းစုံဗုဒ္ဓရုပ်ပွားတော်များ ဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀နာရီက အဆိုပါကျောင်းတိုက်၊ မဟာဇနကဗိမာန်တော်ကြီးတွင် ကျင်းပခဲ့သည်။