သတင်းများ

အညာဒေသကထွက်ရှိပြီး ပြည်တွင်းသာမက ပြည်ပသို့ ထုတ်လုပ်ဖြန့်ဖြူးလျက်ရှိသော မုံရွာမြို့က တန်းဖိုးမြှင့် ရှားစောင်းလက်ပတ် လူသုံးကုန်လုပ်ငန်း
Oct 15,2023
နိုင်ငံတော်စီမံအုပ်ချုပ်‌ရေးကောင်စီအနေဖြင့်  အသေးစား၊ အငယ်စားနှင့် အလတ်စား ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်  တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ MSMEs လုပ်ငန်းရှင်များအား ထောက်ပံ့အားပေး ကူညီလျက်ရှိရာ MSMEs လုပ်ငန်းများသည် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန်အရေးပါသောကဏ္ဍတစ်ခု ဖြစ်လာသကဲ့သို့ ဒေသတွင်းထွက်ကုန်ပစ္စည်းများ အမျိုးမျိုးထုတ်လုပ်နိုင်လာသောကြောင့် ပြည်ပမှ တင်သွင်းရသည့် သွင်းကုန်များ လျော့နည်းကာ ပြည်ပသို့ တင်ပို့ရောင်းချရသည့် ပို့ကုန်များ ပိုမိုဖွံ့ဖြိုးလာသဖြင့် နိုင်ငံခြားဝင်ငွေများ ပိုမိုရရှိလာစေပါသည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်း၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံး ပစ္စည်းပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြား
Oct 15,2023
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ကြီးမှူးကျင်းပပြုလုပ်သည့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်း၏ ဒေသဖွံ့ဖြိုး‌ရေးလုပ်ငန်းသုံး ပစ္စည်းပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ယနေ့နံနက် ၉ နာရီက မကွေးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက် အမှာစကား ပြောကြားသည်။
ကျောက်တလုံးကြီးမြို့အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်၊ ပထမနှစ်ဝက် တတ်‌မြောက်မှုစစ်‌ဆေးခြင်းစာမေးပွဲ ‌စတင်ဖြေဆို
Oct 15,2023
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့ အခြေခံပညာ အထက်တန်းကျောင်းတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပထမနှစ်ဝက် တတ်မြောက်မှုစစ်ဆေးခြင်း စာမေးပွဲကို ယနေ့နံနက် ၉ နာရီမှစ၍ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။
ငဖဲမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပ နှစ်ဝက်စာမေးပွဲ အေးချမ်းစွာဖြေဆို
Oct 15,2023
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပနှစ်ဝက်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ စတင်ဖြေဆို လျက်ရှိသည်။
ကယားပြည်နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့မှ ဘီလူးချောင်းရေမြင့်တက်မှုကြောင့် ရေဝင်ရောက်သည့် လွိုင်ကော်မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများသို့ အခြေခံစားသောက်ကုန်များသွားရောက်ထောက်ပံ့
Oct 15,2023
ကယားပြည်နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဒေသကွပ်ကဲရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ယနေ့မွန်းလွဲပိုင်းက ဘီလူးချောင်း ရေမြင့်တက်မှုကြောင့် ရေဝင်ရောက်သည့် လွိုင်ကော်မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများသို့ အခြေခံစားသောက်ကုန်များ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ကနီမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပွား၊ ချောင်းရေတိုက်စားနိုင်သည့်နေအိမ်များ ကြိုတင်ပြောင်းရွှေ့လျက်ရှိ
Oct 15,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်တွင် အောက်တိုဘာလ ၁၂ ရက်နေ့ည ၇ နာရီခန့်မှစတင်၍ မိုးများသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ပြီး လူနေအိမ်နှင့် လမ်းတံတားပျက်စီးမှုများ ဖြစ်ပွားခဲ့သည်။
မိတ္ထီလာမြို့နယ် ဂွေးကုန်းကျေးရွာ ကျေးရွာကုန်ထုတ်လမ်းဆောင်ရွက်နေမှု ကွင်းဆင်းကြည့်ရှု စစ်ဆေး
Oct 15,2023
မိတ္ထီလာမြို့နယ် ဂွေးကုန်းကျေးရွာတွင် ဆောင်ရွက်လျက်ရှိသည့် ကျေးရွာကုန်ထုတ်လမ်း အမြန်ဆုံး ဖောက်လုပ်ပြီးစီးနိုင်ရေးအတွက် ယမန်နေ့က မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးအင်ဂျင်နီယာနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား တိုင်းဒေသကြီး၀န်ကြီးချုပ် လှည့်လည်ကြည့်ရှု
Oct 15,2023
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် ၆၂ လမ်း၊ ၁၀၂x၁၀၃ လမ်းကြားရှိ ကုတင် (၃၀၀) ဆံ့ သင်ကြားရေးဆေးရုံ၊ ၆၂ လမ်း၊ ၁၀၄x၁၀၅ လမ်းကြားရှိ ကုတင် (၅၀၀)ဆံ့ အရိုးရောဂါအထူးကု ဆေးရုံကြီးနှင့် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်ဝန်းများအတွင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီမံကြီးကြပ်မှုဖြင့် သန့်ရှင်းသာယာလှပရေး လုပ်ငန်းများအား ယနေ့နံနက်ပိုင်းက ပလစ(၂)မှ တပ်မှူး ဗိုလ်မှူးကြီး သိန်းဝင်း၊ ချမ်းမြသာစည်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မျိုးနိုင်၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး ဝေဖြိုးအောင်၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးအောင်အောင်၊ ကုတင်(၃၀၀)ဆံ့ ဆေးရုံအုပ်ကြီး ဒေါက်တာပိုင်ခန့်၊ အရိုးအထူးကု ဆေးရုံအုပ်ကြီး ဒေါက်တာဇော်ဝင်းထွန်း၊ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်ကျောင်းအုပ်ကြီး ပါမောက္ခချုပ် ဒေါက်တာ ကျော်သီဟတို့ဦးစီး၍ ဌာနဆိုင်ရာများ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့၀င်များ၊ မီးသတ်တပ်ဖွဲ့၀င်များ၊ ပြည်သူများ စုစုပေါင်းအင်အား (၅၇၅) ဦးတို့မှ စုပေါင်း ဆောင်ရွက်ခဲ့ကြသည်။