သရက် ဒီဇင်ဘာ ၂၇
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ မြို့မဈေးကြီးတွင် ဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယနေ့ မွန်းလွဲ (၁) နာရီက မြို့မဈေး အပြင်နှင့်အတွင်းသို့တွင် ဆောင်ရွက်ခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ဖိတ်ကြားထားသည့် ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ဈေးကော်မတီဝင်များနှင့် ဈေးသူ၊ ဈေးသားများ တက်ရောက်ကြသည်။
အဆိုပါ မီးငြှိမ်းသတ် သရုပ်ပြဆောင်ရွက်ရာတွင် ခရိုင်/မြို့နယ် မီးသတ်တပ်ဖွဲ့ဝန်ထမ်းများနှင့်အတူ စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများက မီးငြှိမ်းသတ်မှုအား လက်တွေ့သရုပ်ပြ ဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် မီးငြှိမ်းသတ်မှု သရုပ်ပြခြင်းဆောင်ရွက်ရာ မြို့နယ်မီးသတ်စခန်းတာဝန်ခံ ဒုတိယဦးစီးမှူး မင်းကျော်ဟိန်းက မီးဘေးအန္တရာယ်ကာကွယ်ရေး နည်းလမ်းများအကြောင်း သိရှိရန်လိုအပ်ကြောင်းနှင့် မီးဘေးအန္တရာယ်ကာကွယ်ရမည့် နည်းလမ်းများ၊ ဌာနဆိုင်ရာ အဆောက်အဦးများ ဆုံးရှုံးမှု မရှိစေရေး အတွက် ကာကွယ်ရမည့်နည်းလမ်းများကို လက်တွေ့သရုပ်ပြ ဆောင်ရွက်ပေးခဲ့ပြီး မီးငြိမ်းသတ်မှုအား စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများ၊ ဈေးသူ၊ ဈေးသားများနှင့်အတူ လက်တွေ့သရုပ်ပြသ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)