ချောက်ခရိုင်စုပေါင်းရုံး RC (၂) ထပ် ဆောက်လုပ်ဆဲ အဆောက်အဦအား ကြည့်ရှုစစ်ဆေး

ချောက် ဒီဇင်ဘာ ၂၇

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့ အမှတ် (၁၄) စစ်ကွင်းရပ်ရှိ ချောက်ခရိုင်စုပေါင်းရုံး RC (၂) ထပ်ဆောက်လုပ်ဆဲ အဆောက်အဦအား ကြည့်ရှုစစ် ဆေးခြင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဌေးကျော်နှင့် ခရိုင်အနီးကပ်ကြီးကြပ်ရေး အရည်အသွေးစစ်ဆေးရေးနှင့် လက်ခံရေး ကော်မတီအဖွဲ့ဝင်များက ကြည့်ရှုစစ်ဆေးခဲ့သည်။

အဆိုပါ ခရိုင်စုပေါင်းရုံး RC (၂) ထပ် အဆောက်အဦအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ (ခရိုင်အုပ်ချုပ်ရေးမှူး) ဦးဌေးကျော် ခရိုင်အနီးကပ်ကြီးကြပ်ရေး အရည်အသွေးစစ်ဆေးရေးနှင့် လက်ခံရေးကော်မတီအဖွဲ့ဝင်များနှင့်အတူ ချောက်ခရိုင် စုပေါင်းရုံး RC (၂) ထပ် (စတုရန်းပေ ၂၂၀၀၀) အဆောက်အဦ Roof Beam ကွန်ကရစ်‌‌လာင်းခြင်းလုပ်ငန်း‌ ဆောင်ရွက်နေမှု အခြေအနေနှင့် ခရိုင်အုပ်ချုပ်ရေးမှူး နေအိမ် (၄၂x၄၆x၁၂) ပေ RC (၁) ထပ်‌ အဆောက်အဦ တည်ဆောက်ခြင်းလုပ်ငန်း Long Column နှင့် Roof Beam Concrete လောင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှု အ‌‌ခြေအနေတို့အား ဆောက်လုပ်ရေး လုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုပြီး အရည်အသွေးပြည့်မီစွာ ဆောင်ရွက်နိုင်ရေးအား အချိန်ပြည့်ကြီးကြပ်ပြီး အလေးထားဆောင်ရွက်သွားရန် ကုမ္ပဏီမှ တာဝန်ရှိသူအား မှာကြားခဲ့ကြောင်း သိရသည်။

ကျော်မိုး(ပြန်/ဆက်)