မဟာအောင်မြေမြို့နယ်၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် နိုင်လွန်ကတ္တရာလမ်းသစ် ဖွင့်ပွဲအခမ်းအနားကျင်းပ

မဟာအောင်မြေ ဒီဇင်ဘာ  ၂၇

မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၂)ရပ်ကွက်၊ ၆၂x၄၀ လမ်းထောင့်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ ဆောင်ရွက်ပြီးစီးခဲ့သော မဟာအောင်မြေမြို့နယ် ၆၂လမ်း၊ ၃၅လမ်းမှ ၁၀၁(သိပ္ပံ)လမ်းအထိ နိုင်လွန်ကတ္တရာလမ်းသစ် ဖွင့်ပွဲအခမ်းအနားအား ကျင်ပပြုလုပ်ခဲ့ရာ အခမ်းအနားသို့  မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးမျိုးအောင်နှင့် အစိုးရအဖွဲ့၀င် ၀န်ကြီးများ၊ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ(ဥက္ကဌ) မြို့တော်ဝန် ဦးကျော်ဆန်း၊ တိုင်းအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဝေဇင်ထွန်းနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်း အင်အား (၁၅၀)ဦးခန့် တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားပြီး မန္တလေးမြို့တော်ဝန်မှ လမ်းဖွင့်ပွဲ့နှင့် ပတ်သက်ပြီး ရှင်းလင်တင်ပြခြင်း၊ ရပ်မိရပ်ဖတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားပြီး နိုင်လွန်ကတ္တရာလမ်းအား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

အောင်ဇော်မင်း