သတင်းများ

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌ဒေသ လောက်ကိုင်မြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
Oct 15,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နယ်တွင် အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၌ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးနှင့် သွေးလွန်တုတ်ကွေးရောဂါ ကြိုတင် ကာကွယ်ရေးအတွက် ကျောင်းဝင်းအတွင်း/အပြင်‌ရှိ အမှိုက်နှင့်မြက်ပင် ခြုံနွယ်များကို ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများစုပေါင်း၍ ယမန်နေ့နံနက်ပိုင်းက စုပေါင်းသန့်ရှင်းရေးများ ဆောင်ရွက်ခဲ့ကြသည်။
ပျက်စီးယိုယွင်းနေသော နံရံဆေးပန်းချီများ ရှေးမူမပျက် ပြန်လည်ပြုပြင်နိုင်ရန် ကြည့်ရှုစစ်ဆေး
Oct 15,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ မှန်ကင်းကျောင်းဝင်းအတွင်းရှိ ကိုးခန်းကြီး (ခေါ်) ဝတ်ကြီးလိုဏ်ဂူအတွင်းမှ နှစ်ပေါင်း ၁၀၀ ကျော်နေပြီဖြစ်သော ရှေးဟောင်းယဉ်ကျေးမှုလက်ရာ နံရံဆေးပန်းချီများမှာ အုတ်၊ အင်္ဂတေများကွာကျ၍ ပျက်စီးယိုယွင်းနေပြီ ဖြစ်သောကြောင့် ရှေးမူမပျက် ပြန်လည်ပြုပြင်နိုင်ရန် ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
မင်းလှမြို့နယ်တွင် ကျေးလက်လမ်းခင်းခြင်းလုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး အရည်အသွေးစစ်ဆေးရေးအဖွဲ့ ကွင်းဆင်းစစ်ဆေး
Oct 15,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်ကျေးလက်‌လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရန် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်လျက်ရှိသည့် ကျေးလက်လမ်းများ လမ်းခင်းခြင်းလုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးရေး အရည်အသွေးစစ်ဆေးရေးအဖွဲ့အနေဖြင့် ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
ဒေသတွင်း ဆီထွက်သီးနှံများ အထွက်တိုးစေရေး မြေယာပြုပြင်ခြင်း လုပ်ငန်းများဆောင်ရွက်
Oct 15,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး (စကု) မြို့နယ်တွင် ဒေသတွင်း ဆီထွက်သီးနှံများ အထွက်တိုးစေရေးအတွက် မြေယာပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း ဒေသခံ မြေပဲစိုက်‌တောင်သူများထံမှ သိရသည်။
ပဲခူးမြို့နယ်၊ စိုင်တီကျေးရွာ ရေကြီးနစ်မြုပ်မှုဒဏ်ခံရသော ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပြုလုပ်ပေး
Oct 15,2023
ပဲခူးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့် ရန်ကုန်တိုင်းဒေသကြီး အရိယာမဂ္ဂင်လူမှုကူညီရေးအသင်းတို့ပူးပေါင်းပြီး ယမန်နေ့က ပဲခူးမြို့နယ် စိုင်တီကျေးရွာ၊ စိုင်တီတောင်ကျောင်းကြီးဘုန်းတော်ကြီးကျောင်း ရေဘေးကယ်ဆယ်ရေးစခန်း၌ ရေကြီးနစ်မြုပ်မှုဒဏ်ခံရသောပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများပြုလုပ်ပေးကြသည်။
ဧရာဝ‌တီတိုင်းဒေသကြီး ဝန်ကြီးချုပ် တိုင်းဒေသကြီးအတွင်းရှိ ဆေးရုံများ၌ သန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေး
Oct 15,2023
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဆေးရုံများတွင် တပ်ရင်းတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပြည်သူများမှ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် သန့်ရှင်းရေးဆောင်ရွက်နေမှုများအား လှည့်လည် ကြည့်ရှုအားပေးခဲ့သည်။
မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း (ဗဟို) မှ ပဲခူးမြို့ရေဘေးသင့် ပြည်သူများအတွက် အလှူငွေနှင့်အစားအစာများလှူဒါန်း
Oct 15,2023
မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း (ဗဟို) မှ ယမန်နေ့က ပဲခူးမြို့ရေဘေးသင့်ပြည်သူများအတွက် အလှူငွေနှင့်အစားအစာများ လာရောက်လှူဒါန်းခဲ့ကြသည်။
အုတ်တွင်းမြို့နယ်၌ စာဖတ်ဝိုင်း ကျင်းပ
Oct 15,2023
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့်  အမျိုးသမီးအသင်း (Woman Club)တို့ ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန ခန်းမတွင် ကျောင်းသား၊ လူငယ်များ စာပေဖတ်ရှုသည့် အလေ့အကျင့်များ ရရှိစေရန်၊ တစ်ဦးနှင့် တစ်ဦးအပြန်အလှန် ဆွေးနွေးတတ်သည့် အလေ့အကျင့်များ ရရှိစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိလာစေရန်၊ မိဘများအနေဖြင့် ပန်းလှလှကို ရလိုလျှင် ဥယျာဥ်မှူးကောင်းများ ဖြစ်ရန်လိုအပ်၍ သားကောင်း၊ သမီးကောင်းများရလိုလျှင် ကိုယ်တိုင် မိဘကောင်းဖြစ်ရန် လိုအပ်ပါကြောင်းနှင့် ရိုးသားမှုကြိုးစားမှုများဖြင့် လူတော်လူကောင်းဖြစ်အောင် ကြိုးစားကြစေရန် ရည်ရွယ်၍ စာရေးဆရာလယ်တွင်းသားစောချစ် ရေးသားသည့် “ပန်းလိုချင် အပင်ကိုပျိုးတတ်မှ” စာအုပ်ဖြင့် ယမန်နေ့မွန်းလွဲ ၂နာရီအချိန်က စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။