မြောင်းမြ ဒီဇင်ဘာ ၂၇
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် မြောင်းမြမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ်၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေဖြင့် KKP- Tellus Co.ltd မှ တာဝန်ယူဆောင်ရွက်သည့် ပေသလက်ကုန်း - ပြင်ရွာလမ်း ကွန်ကရစ်လမ်းခင်းခြင်း (၀/၄ မိုင် x ၁၂ ပေ x ၇ လက်မ ) လုပ်ငန်းအား သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) ဒေါ်သန္တာဝင်းနှင့် ဌာနတာဝန်ရှိသူများက ဒီဇင်ဘာလ ၂၁ ရက်နေ့က လုပ်ငန်းများဆောင်ရွက်ပြီးစီးမှု အခြေအနေအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။
အဆိုပါ ပေသလက်ကုန်း - ပြင်ရွာ ကွန်ကရစ်လမ်း ဆောင်ရွက်ပြီးစီးပြီ ဖြစ်ပါသဖြင့် ကျေးရွာအုပ်စု (၆) အုပ်စု ၊ ကျေးရွာ (၁၉) ရွာမှ ကျေးရွာသူ ကျေးရွာသား ၁၉၇၆၈ ဦး တို့အား အကျိုးပြုမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက် (မြောင်းမြ)