မိုင်းယု ဒီဇင်ဘာ ၂၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အခမ်းအနားနှင့် ပျော်ပွဲရွှင်ပွဲများ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉နာရီခွဲက မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့အုပ်ချုပ်ရေးမှူးဦးလောထွေးက အလံတင်အခမ်းအနားကျင်းပရေး၊ သဝဏ်လွှာဖတ်ကြားရေး၊ အခမ်းအနားပြင်ဆင်ရေး၊ ဧည့်ခံကျွေးမွေးရေးနှင့် ဖိတ်ကြားရေး၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်ကြီးကြပ်ရေးကော်မတီအဖွဲ့ ဖွဲ့စည်းနိုင်ရေး၊ ပျော်ပွဲရွှင်ပွဲများကျင်းပရေးနှင့် လုံခြုံရေးတို့ကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တာဝန်ရှိသူများက (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဖြည့်စွက်ဆွေးနွေးခဲ့ကြပြီး မြို့အုပ်ချုပ်ရေးမှူးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကိုကိုနိုင်