၂၀၂၃-၂၀၂၄ ပညာသင်နှစ် (Grade-5) မြို့နယ်အဆင့်နောက်ဆက်တွဲသင်တန်း တွံတေး၌ ဆက်လက်ပို့ချ

တွံတေး ဒီဇင်ဘာ ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများ လုပ်ငန်းစွမ်းဆောင်ရည်တိုးတက်စေရန်နှင့် သင်ခန်းစာများကို ကျွမ်းကျင်စွာသင်ကြားပေးနိုင်ရန်ရည်ရွယ်၍ မြို့နယ်ပညာရေးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် သင်ရိုးသစ် Grade-5 မြို့နယ်အဆင့်နောက်ဆက်တွဲသင်တန်းကို ယနေ့နံနက် ၉ နာရီတွင် အ.ထ.က(၁)တွံတေး၌ ဆက်လက်ပို့ချသင်ကြားလျက်ရှိကြောင်း သိရသည်။

သင်တန်းတွင်မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း၊ အလယ်တန်းကျောင်းနှင့် မူလတန်းကျောင်းများမှ Grade-5 အတန်းတွင် ပညာသင်ကြားပေးနေသော ဆရာ/ဆရာမ(၁၇၆)ဦး တက်ရောက်ကြပြီး နည်းပြဆရာ/ ဆရာမ(၁၀)ဦးတို့က မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံဘာသာရပ်၊ လူမှုရေးဘာသာရပ်၊ ပြည်သူ့နီတိ၊ ကာယ၊ ပန်းချီ၊ စာရိတ္တ စသည့် Grade-5 သင်ရိုးသစ်ဘာသာရပ်ဆိုင်ရာများကို ဒီဇင်ဘာလ ၂၃ ရက်နေ့မှ ၂၇ ရက်နေ့ထိ ၄ ရက်ကြာ စာတွေ့လက်တွေ့သင်ကြားပေးလျက်ရှိကြောင်း သိရှိရသည်။

တွံတေးသား