ကျောင်းကုန်း ဒီဇင်ဘာ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများ ထုတ်ယူရာတွင် မြန်ဆန်စေရေးနှင့် အာဟာရဒါန ကျွေးမွေးမှုကို ယနေ့နံနက် ၉း၃၀ နာရီအချိန် ခန့်က ပြုလုပ်ခဲ့သည်။
အဆိုပါ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေထုတ်ယူရာတွင် မြန်ဆန်စေရေးနှင့် ပင်စင်ထုတ်သူများ မြန်မာ့စီးပွားရေးဘဏ်မှ အာဟာရ ကျွေးမွေးကူ ညီပေးမှု၊ ဆေးခန်း ပြသလိုသူ ပင်စင်စားများအား ဆေးရုံ၌ ပြသနိုင်ရန် ကြက်ခြေနီတပ်ဖွဲ့ဝင်များ စောင့်ကြပ် ပေးထားကြသည်။ ကျောင်းကုန်းမြို့နယ်အနေဖြင့် အငြိမ်းစား ပင်စင်စားဦးရေ (၂၄၉၂)ဦးရှိပြီး၊ သက်ကြီးပင်စင်စားများနှင့် နာမကျန်းသူများအား ဦးစားပေး၍ ဘဏ်ဝန်ထမ်းများက စနစ်တကျ ထုတ်ပေးလျက်ရှိသည်။ ဒီဇင်ဘာလအတွက် ပင်စင်လစာငွေများကို (၂၁) ရက်နေ့ မှစ၍ နံနက်(၈)နာရီမှ မွန်းလွဲ (၂)နာရီအတွင်း လာရောက်ထုတ်ယူသူအားလုံးကို ထုတ်ပေးလျက်ရှိပြီး၊ လာရောက်မထုတ်ယူနိုင်သူများကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ လဆန်းပိုင်းတွင် ဘဏ်ဖွင့်ချိန်အတွင်း ဆက်လက်၍ထုတ် ပေးသွားမည်ဖြစ်ကြောင်း၊ အငြိမ်းစား ပင်စင်လစာငွေများကို ကိုယ်တိုင်လာရောက် ထုတ်ယူနိုင်ခြင်း မရှိသူများအနေဖြင့် မိသားစုဝင်တစ်ဦးက ကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စားထုတ်ယူနိုင်ကြောင်း မြန်မာ့စီးပွားရေးဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဝင်းကြိုင်(ပြန်/ဆက်)