ကန်ကြီးထောင့်မြို့နယ်တွင် မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ် မှ၂၀၂၃ ဆောင်းရာသီ စိုက်ပျိုးစရိတ် ချေးငွေ ၈၁.၄၉ ရာခိုင်နှုန်း ထုတ်ချေးပြီးဖြစ်

ကန်ကြီးထောင့် ဒီဇင်ဘာ ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်မှ မြို့နယ်အတွင်းရှိ တောင်သူများထံသို့ ၂၀၂၃ ဆောင်းရာသီစိုက်ပျိုးစရိတ် ချေးငွေများအား  အောက်တိုဘာလ ၁၃ ရက်နေ့ မှစတင်ထုတ်ချေးခဲ့ရာ ဒီဇင်ဘာလ ၂၇ ရက်နေ့အထိ ၈၁.၄၉ ရာခိုင်နှုန်း ထုတ်ချေးပြီးဖြစ်ကြောင်း သိရသည်။

ကန်ကြီးထောင့်မြို့နယ်တွင်  ၂၀၂၃ ဆောင်းရာသီ စိုက်ပျိုးစရိတ် ချေးငွေများအား အောက်တိုလ၁၃ ရက်နေ့ တွင်စတင်ထုတ်ချေးခဲ့ရာ ဒီဇင်ဘာလ ၂၇ ရက်နေ့တွင်  တောင်သူ  (၁၆၂၀)ဦး၏ လယ်ဧက (၉၇၇၉)ဧကအတွက် ထုတ်ချေးငွေကျပ် (၁၄၆၆၈.၅)သိန်းအား ထုတ်ချေးခဲ့ပြီးဖြစ်ကြောင်းသိရသည်။ ကန်ကြီးထောင့်မြို့နယ်တွင်ရပ်ကွက် (၇) ခု၊ ကျေးရွာအုပ်စု (၇၃)အုပ်စု၊ ကျေးရွာခွဲ (၃၈၆)ရွာ ရှိရာ  ၂၀၂၃ ဆောင်းရာသီ စိုက်ပျိုးစရိတ်ချေးငွေအား တောင်သူ (၁၉၀၀)ဦး၏ လယ်ယာမြေဧက (၁၂၀၀၀)၊ ချေးငွေ ကျပ်သိန်း (၁၈၀၀၀)အား ထုတ်ချေးရန် လျာထား ထားရှိပြီး ကျန်ဆောင်းရာသီ စိုက်ပျိုးစရိတ် ချေးငွေများအား ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့အထိ ထုတ်ချေး ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်ဇင်စိုး(ပြန်/ဆက်)