တပ်ကုန်း ဒီဇင်ဘာ ၂၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ဆရာစံရပ်ကွက်၊ မဟာဇနက ပရိယတ္တိစာသင်တိုက်တွင် အသံမစဲဥပ္ပါတသန္တိပါဠိတော်ရွတ်ဖတ်ပူဇော်ခြင်းအောင်ပွဲနှင့်ပန်းပေါင်းစုံဗုဒ္ဓရုပ်ပွားတော်များ ဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀နာရီက အဆိုပါကျောင်းတိုက်၊ မဟာဇနကဗိမာန်တော်ကြီးတွင် ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားသို့ မဟာဇနကပရိယတ္တိစာသင်တိုက်မှ ပဓာနနာယကဆရာတော်ဘဒ္ဒန္တဝဏ္ဏာရဟနှင့်ပင့်သံဃာများ၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းသာသနာရေးမှူး ညွှန်ကြားရေးမှူးဦးဆန်းထွန်းအောင်၊ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူးဦးမင်းခိုင်ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးညီညီထွေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်သာသနာရေးမှူးဦးနီနှင့်ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ နေပြည်တော်ဆန်စက်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌဦးတင်ထွန်းအောင်၊ မြို့နယ်အသေးစား၊ အငယ်စား၊ အလတ်စား(MSME)အသင်းဥက္ကဋ္ဌဦးကျော်စိုးလွင်၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးဂေါပကအဖွဲ့ နာယကဦးထွန်းကြည်၊ မြို့မခြောက်ရပ်ကွက်မှ အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများတက်ရောက်ပြီး၊ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီးနောက် မဟာဇနကပရိယတ္တိစာသင်တိုက်မှ ပဓာနနာယကဆရာတော်ဘဒ္ဒန္တဝဏ္ဏာရဟထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်း၊ ဆရာတော်များက ရွတ်ဖတ်သရဇ္စျယ်တော်မူသော မေတ္တာသုတ်ပရိတ်တရားတော်များအား နာယူခြင်း၊ ညွှန်ကြားရေးမှူးဦးဆန်းထွန်းအောင်၊ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူးဦးမင်းခိုင်ဝင်း၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးဂေါပကအဖွဲ့ နာယကဦးထွန်းကြည်တို့က လှူဖွယ်ပစ္စည်းများနှင့် ပန်းပေါင်းစုံဗုဒ္ဓရုပ်ပွားတော်များအား ဆက်ကပ်လှူဒါန်းခြင်း၊ မဟာဇနကပရိယတ္တိစာသင်တိုက်မှ ပဓာနနာယကဆရာတော် ဘဒ္ဒန္တဝဏ္ဏာရဟထံမှ အနုမောဒနာတရားနာယူ၍ ရေစက်သွန်းချ အမျှပေးဝေခဲ့ပြီး၊ အခမ်းအနားမှူးက နတ်ဗြဟ္မာများအား ပြန်လည်ပို့ဆောင်၍ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်းပြီး အောင်ပွဲအခမ်းအနားကို အောင်မြင်စွာကျင်းပခဲ့ပြီး ဆရာတော်နှင့်ရဟန်း၊ သာမဏေများအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းကြောင်း သိရသည်။
တင်စိုးလွင်