လသာမြို့နယ်၌ မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းဆိုင်ရာသင်တန်း ဖွင့်လှစ်

လသာ ဒီဇင်ဘာ ၂၇

ရန်ကုန်တိုင်း​ဒေသကြီး၊ ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ လသာမြို့နယ်၌ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်​နေရာချထား​ရေးဝန်ကြီးဌာန၊ ပြန်လည်​ထူ​ထောင်ရေးဦးစီးဌာနမှ ကြီးမှူး၍ မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းဆိုင်ရာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်က (အထက-၂)လသာ၊ မြညီလာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပြန်လည်ထူ​ထောင်​ရေးဦးစီးဌာနမှ ညွှန်ကြား​ရေးမှူးက မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများမှတ်ပုံတင်ခြင်းဆိုင်ရာ သင်တန်းဖွင့်လှစ်ရခြင်းမှာ မသန်စွမ်းသူများအ​နေဖြင့် မသန်စွမ်းသူများ၏ (၂၀၁၅ ခုနှစ်)ဥပဒေပါအခွင့်အ​ရေးများနှင့် (၂၀၁၇ခုနှစ်)နည်းဥပ​​ဒေပါ အခွင့်အရေးများကို ရရှိခံစားနိုင်ရန် ၎င်းတို့၏ ဆန္ဒအ​လျှောက် မသန်စွမ်းသူဖြစ်ကြောင်း အသိအမှတ်ပြုရန်အတွက် သတ်မှတ်ချက်နှင့်အညီ မှတ်ပုံတင်​လျှောက်ထားနိုင်​ရန်၊ မသန်စွမ်းသူအ​ရေအတွက်နှင့် မသန်စွမ်းမှုဆိုင်ရာ စာရင်းဇယားအချက်အလက်များ တိကျမှန်ကန်စွာရရှိစေရန်၊ မသန်စွမ်းသူများ၏ ဘဝတစ်​လျှောက် ကဏ္ဍအားလုံးတွင် အပြည့်အဝ​ဆောင်ရွက်ခွင့်ရရှိ​​စေရန်နှင့် မသန်စွမ်းသူများ၏ အခွင့်အ​ရေးများ တိုးတက်ရရှိစေရန် သင်တန်းများဖွင့်လှစ်ရခြင်းဖြစ်​ကြောင်း​ ပြောကြားခဲ့သည်။

အဆိုပါသင်တန်းဖွင့်ပွဲသို့ ပြန်လည်ထူ​ထောင်​ရေးဦးစီးဌာနမှ ညွှန်ကြား​ရေးမှူး​၊လက်​ထောက်ညွှန်ကြား​ရေးမှူး​နှင့် ဝန်ထမ်းများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရန်နိုင်ဝင်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးဆန်းထွန်း​အောင်၊ အဖွဲ့ဝင်(၂) ဦးနန်းညွန့်ဝင်း​မော်၊ အတွင်း​ရေးမှူး ရဲမှူး​အောင်​အောင်၊ မြို့နယ်ကြက်​ခြေနီအသင်းဥက္ကဋ္ဌ ဦး​အောင်ဟုတ်စိန်၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်​ရေးမှူးများ တက်​ရောက်ခဲ့ကြ​သည်။

သင်တန်းတွင် နည်းပြများအဖြစ် ပြန်လည်ထူ​ထောင်​ရေးဦးစီးဌာန ညွှန်ကြား​ရေးမှူး​၊ လက်ထောက်ညွှန်ကြား​ရေးမှူး​၊ ဒုတိယဦးစီးမှူးတို့က သင်ကြားပို့ချ​ပေးသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းသားဦး​ရေ (၆၄)ဦး၊ သင်တန်းကာလမှာ (၂၇-၁၂-၂၀၂၃ မှ ၂၈-၁၂-၂၀၂၃)ရက်​နေ့ထိဖြစ်​ကြောင်း သတင်းရရှိသည်။

နန်းသဲနု​အောင်