ပုဗ္ဗသီရိ ဒီဇင်ဘာ ၂၇
ပုဗ္ဗသီရိမြို့နယ် မြန်မာ့စီးပွားဘဏ်၌ အငြိမ်းစားပင်စင်လစာ လာရောက်ထုတ်ယူသည့် အဘိုးအဘွားများအား ပုဗ္ဗသီရိမြို့နယ် ခုတင် ၅၀ ဆံ့ ဆေးရုံမှ ကျန်းမာရေးအခမဲ့စောင့်ရှောက်ပေးခြင်းနှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ စားအုန်းဆီများကို သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချပေးခြင်းတို့ကို ယနေ့နံနက်ပိုင်းက ကျင်းပပြလုပ်ခဲ့သည်။
ပုဗ္ဗသီရိမြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးဇေယျာထွန်းပါ လေးဦး၊ ပုဗ္ဗသီရိမြို့နယ် ခုတင် ၅၀ ဆံ့ ဆေးရုံအုပ်ကြီးဒေါက်တာသိမ့်သိမ့်ထွေးပါ ငါးဦးနှင့် ဇဝနဒီပရပ်ကွက် အုပ်ချုပ်ရေးမှူးဦးမျိုးဝင်းပါ ရှစ်ဦးတို့က မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားပင်စင်လစာ လာရောက်ထုတ်ယူသည့် အဘိုးအဘွားများအား ကျန်းမာရေးအခမဲ့စောင့်ရှောက်ပေးခြင်းနှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားအုန်းဆီများကို သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချပေးခြင်းတို့ကို ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
သန်းသန်းနွယ်(ပုဗ္ဗ)