ချောင်းဆုံ ဒီဇင်ဘာ ၂၇
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အနေဖြင့် လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးဖွင့်လှစ်ထားသည့် မူလတန်းကြိုကျောင်းရှိ ကျောင်းသား/သူများ ကိုယ်ကာယကျန်းမာကြံ့ခိုင်စေရေး ကာယစွမ်းရည်ပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက်(၈)နာရီက ချောင်းဆုံမြို့နယ် မူလတန်းကြိုကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ကာယစွမ်းရည်ပြိုင်ပွဲတွင် ရိုးရိုးပြေး၊ ခေါင်းအုံးရွက်၊ ကြိုးသီ၊ အားလူးကောက်နှင့် လက်ဆင့်ကမ်းစသည့် ကစားနည်းများပါဝင်ပြီး မူလတန်းကြိုကျောင်းမှ ကျောင်းသား/သူ(၉၀)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း ပြိုင်ပွဲများတွင် ဆုရရှိသည့်ကျောင်းသား/သူများအား တာဝန်ရှိသူများမှ ဆုများအသီးသီး ချီးမြှင့်ပေးခဲ့ကြောင်း ချောင်းဆုံမြို့နယ်မူလတန်းကြိုကျောင်းမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)