(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အကြိုဟောပြောပွဲနှင့်စာစီစာကုံး၊ ကဗျာပြိုင်ပွဲဆုရရှိသူများ ဆုချီးမြှင့်ပွဲ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၌ ကျင်းပ

ရန်ကုန် ဒီဇင်ဘာ ၂၇

၂၀၂၄ ခုနှစ် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့်ဆုချီးမြှင့်ပွဲကို ယနေ့နံနက်(၁၀)နာရီတွင် သန်လျင်မြို့ရှိ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာနေဝင်းဦးက အဖွင့်အမှာစကားပြောကြားပြီး စာရေးဆရာဟိန်းလတ်(အမျိုးသားစာပေဆုနှင့် အိန္ဒိယသမ္မတ အဗ္ဗဒူကလာမ်စာပေဆုရ၊ အမျိုးသားစာပေဆုရွေးချယ်ရေးအဖွဲ့ဝင်၊ စာပေဗိမာန်ဆုရွေးချယ်ရေးအဖွဲ့ဝင် တိုင်းဒေသကြီးစာကြည့်တိုက်ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ)မှ လွတ်လပ်ရေးတန်ဖိုးလွတ်လပ်ရေးစိတ်ဓာတ် ခေါင်းစဥ်ဖြင့်ဟောပြောခဲ့ပြီး ဟောပြောသောစာရေးဆရာနှင့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာပြိုင်ပွဲများတွင် ဆုရရှိခဲ့သည့် ကျောင်းသားကျောင်းသူများအား ပါမောက္ခချုပ်ဒေါက်တာနေဝင်းဦး၊ ဒုတိယပါမောက္ခချုပ်များနှင့်တာဝန်ရှိသူများက အမှတ်တရလက်ဆောင်နှင့် ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကြသည်။

အဆိုပါအခမ်းအနားသို့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ပါမောက္ခချူပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများ၊ ဝန်ထမ်းများနှင့် အထူးပြုဘာသာရပ်များမှ ကျောင်းသားကျောင်းသူ (၅၅၀)ကျော်တက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်ဆက်)