ဥတ္တရသီရိမြို့နယ်၌ အခြေခံစာတတ်မြောက်ရေးသင်တန်းသင်ကြားပို့ချနေခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ ကြည့်ရှုအားပေး

ဥတ္တရသီရိ ဒီဇင်ဘာ ၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တသီရိမြို့နယ် အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများတွင် အခြေခံစာတတ်မြောက်ရေးသင်တန်းသင်ကြားပို့ချနေခြင်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးရဲမြတ်သိန်းနှင့်တာဝန်ရှိသူများက မန်နေ့ မွန်းလွဲပိုင်းတွင် ကြည့်ရှုအားပေးခဲ့သည်။

အဆိုပါ အခြေခံစာတတ်မြောက်ရေးသင်တန်းများကို ရွှေနံ့သာရပ်ကွက် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ မောင်းရမ်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၊ အောင်လံကျေးရွာ အ​ခြေခံပညာမူလတန်းကျောင်း၊ မင်းကုန်းကျေးရွာ အ​ခြေခံပညာအထက်တန်းကျောင်းနှင့် သဲကျွန်းကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းတို့တွင် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ (၂၃) ရက်နေ့မှ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ() ရက်နေ့အထိ သင်တန်းသား၊ သင်တန်းသူ (၅၀) အား နေ့စဥ် မွန်းလွဲ ၂ နာရီမှ ညနေ ၅ နာရီထိ သင်တန်းနည်းပြများက သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်မျိုးဝင်း(ပြန်/ဆက်)