သတင်းများ

ဘားအံမြို့၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အကြိုအထိမ်းအမှတ် စာပေစကားဝိုင်း ကျင်းပ
Dec 23,2023
ကရင်ပြည်နယ်၊ ဘားအံမြို့ နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန အမျိူးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(ဘားအံ)၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အကြိုအထိမ်းအမှတ် စာပေစကားဝိုင်းကို ယမန်နေ့နံနက်ပိုင်း ကျင်းပပြုလုပ်ရာ ပြည်နယ်ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် ကရင်ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းဥက္ကဋ္ဌ၊ ခရိုင်အမျိူးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ၊ ကျောင်းအုပ်ဆရာမကြီးနှင့် သင်တန်းသား၊ သင်တန်းသူ (၅၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
အလုပ်သမားဝန်ကြီးဌာန၊ဒုတိယဝန်ကြီး ဦးဝင်းရှိန် ညောင်ဦးမြို့၌ မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်သမားရေးရာဥပဒေများ အသိပညာပေးပွဲ တက်ရောက်
Dec 23,2023
အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည်  ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့ Royal Palace Hotel  ကျန်စစ်သားခန်းမ၌ ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးနှင့်အလုပ်သမား ရေးရာဥပဒေများ အသိပညာပေးပွဲသို့ တက်ရောက်အမှာစကားပြောကြားခဲ့သည်။ အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်ရှိ အလုပ် သမားရေးရာတာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဌာနဆိုင်ရာတာဝန်ခံများ၊ လုပ်ငန်းရှင်များနှင့် NSSA အသိအမှတ်ပြု စစ်ဆေးအကဲဖြတ်ရေးဌာနများမှ တာဝန်ခံများ၊ ဖိတ်ကြားထားသူများ အင်အား(၁၀၈)ဦးခန့်တက်ရောက်ခဲ့သည်။
မရမ်းကုန်းမြို့နယ်တွင် ဒီဇင်ဘာ အားကစား (စတုတ္ထပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲ ကျင်းပ
Dec 23,2023
တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်စေရန်နှင့် ကျန်းမာသန်စွမ်းသည့် လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွန်းလာစေရန်အတွက် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်မှုဖြင့် ယနေ့နံနက် ၅ နာရီက  ဒီဇင်ဘာ အားကစားလ (စတုတ္ထပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲကို ကျင်းပပြုလုပ်ကြောင်း သိရသည်။
မြောင်းမြမြို့ အ.ထ.က(၁)ကျောင်းတွင် ဟောပြောပွဲနှင့် ပြပွဲများ ပြုလုပ်
Dec 23,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၊ အ.ထ.က (၁)ကျောင်း ပညာရတနာခန်းမ၌ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း(နည်းပြ)သင်တန်းမှ ဆရာ/ဆရာမများအား ကျောင်းသား/သူများ ကျောင်းစာအပြင် အခြားအထွေထွေဗဟုသုတနှင့် စာဖတ်သည့် အလေ့အထများရှိလာ‌အောင် ပြုစုပျိုးထောင်ပေးရန် ရည်ရွယ်၍ ဟောပြောပွဲနှင့် နံရံစာစောင်၊ စာအုပ်စာစောင်ပြပွဲများကို ယနေ့  နံနက် (၁၀) နာရီအချိန်က ပြုလုပ်ခဲ့‌ကြောင်း သိရသည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ခရိုင်/မြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေး ပြုလုပ်
Dec 23,2023
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ဓမ္မရာဇကဘုရားကြီး အတွင်း/အပြင်အား ယနေ့ နံနက် ၇ နာရီအချိန်က ညောင်ဦး ခရိုင်/မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ကြောင်း သိရသည်။
၃၂ ကြိမ်မြောက် အလိုတော်ပြည့်ဘုရား ဗုဒ္ဓပူဇနိယပွဲတော် မဟာပဋ္ဌာန်း စတင်ရွတ်ဖတ်ပူဇော်ပွဲ ကျင်းပ
Dec 23,2023
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ အလိုတော်ပြည့်ဘုရား ဗုဒ္ဓပူဇနိယပွဲတော်ကို အစဉ်အလာမပျက် ၁၃၈၅ ခုနှစ်၊ နတ်တော် လဆန်း(၁၀)ရက်၊ ဒီဇင်ဘာ ၂၂ ရက်နေ့ ယမန်နေ့ နံနက် ၈ နာရီအချိန်မှစတင်၍ မဟာပဋ္ဌာန်းရွတ်ဖတ်ကာ စတင်ကျင်းပလျက်ရှိကြောင်း သိရသည်။
ကလောမြို့နယ်၌ ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှု စုပေါင်းလမ်းလျှောက်ပွဲဆင်နွှဲ
Dec 23,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့နယ်တွင် ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှုစုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက် ၅ နာရီခွဲက ကလောမြို့နာရီစင်၌ စုရပ်ပြုလုပ်၍ စုပေါင်းလမ်းလျှောက်ပွဲ ဆင်နွှဲခဲ့ကြကြောင်းသိရသည်။
မွန်ပြည်နယ်  ဒီဇင်ဘာလူထု အားကစားလ(စတုတ္ထအပတ်) စုပေါင်း လမ်းလျှောက်ပွဲဆင်နွှဲ
Dec 23,2023
ားကစား လေ့ကျင့်နည်း အမျိုးမျိုးရှိသည့်အနက် “လမ်းလျှောက်ခြင်း”သည် အရွယ်သုံးပါးမရွေး လုပ်ဆောင်သင့်သည့် လေ့ကျင့်ခန်း အမျိုးအစားဖြစ်သည့်အားလျော်စွာ၊ မွန်ပြည်နယ်အတွင်း ပြည်သူများ လမ်းလျှောက်ခြင်းဖြင့် ကိုယ်လက်လှုပ်ရှားမှုများ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ဒီဇင်ဘာ ၂၃ ရက်နေ့နံနက်ပိုင်းကဒီဇင်ဘာ လူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။