မော်လမြိုင် ဒီဇင်ဘာ ၂၃
အားကစား လေ့ကျင့်နည်း အမျိုးမျိုးရှိသည့်အနက် “လမ်းလျှောက်ခြင်း”သည် အရွယ်သုံးပါးမရွေး လုပ်ဆောင်သင့်သည့် လေ့ကျင့်ခန်း အမျိုးအစားဖြစ်သည့်အားလျော်စွာ၊ မွန်ပြည်နယ်အတွင်း ပြည်သူများ လမ်းလျှောက်ခြင်းဖြင့် ကိုယ်လက်လှုပ်ရှားမှုများ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ဒီဇင်ဘာ ၂၃ ရက်နေ့နံနက်ပိုင်းကဒီဇင်ဘာ လူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲကို ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် အစိုးရအဖွဲ့၊လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ဗိုလ်မှူးကြီး ကျော်စွာမြင့်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပညာရေးဒီဂရီ ကောလိပ်၊ သူနာပြု သားဖွားသင်တန်းကျောင်း၊ အားကစားနှင့်ကာယသိပ္ပံလေ့ကျင့်ရေးကျောင်း (မော်လမြိုင်)၊ အခြေခံပညာ အထက်တန်းကျောင်းများမှ ကျောင်းသား၊ကျောင်းသူများ၊ အားကစားလိုက်စားသူ အများပြည်သူများ အင်အား (၁၃၀၀) ကျော်သည် စုရပ်ဖြစ်သည့် ပြည်နယ်အစိုးရအဖွဲ့ရုံး မောရဝတီပန်းခြံရှေ့မှ စတင်ပြီး၊ ဗဟိုလမ်းတစ်လျှောက်နှင့် ကမ်းနားလမ်း တစ်လျှောက် မြစ်ကမ်းသာ ရေပေါ်အားကစားကွင်းသို့ တပျော်တပါး စုပေါင်းလမ်းလျှောက်ပွဲကို ပါဝင်ဆင်နွှဲခဲ့ကြသည်။
ထို့နောက် ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ဌာနဆိုင်ရာများ၊ ကျောင်းသားကျောင်းသူများနှင့် ကျန်းမာရေးကို လိုက်စားသည့် အများပြည်သူများသည်မော်လမြိုင်မြို့၊ ကမ်းနားလမ်းရှိ မြစ်ကမ်း သာ ရေပေါ်အားကစားကွင်းတွင် သွေးပူလေ့ကျင့်ခန်း အတွဲအမှတ်(၁)နှင့်အတွဲ အမှတ်(၂)၊ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ ၊Fitness Dance အကတို့ဖြင့် အတူတကွ စုပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)