သတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒီဇင်ဘာအားကစားလ စတုတ္ထပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲ ဌာနဆိုင်ရာများ ပြည်သူများနှင့်အတူ ပါဝင်ဆင်နွှဲ
Dec 23,2023
ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ဒီဇင်ဘာအားကစားလ စတုတ္ထပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက် ၆ နာရီအချိန်က ပြည်သူ့အားကစားကွင်းရှေ့စုရပ်မှ မနောကွင်းအထိ တပျော်တပါး စုပေါင်းလမ်းလျှောက်ကြသည်။
ကျိုက်မရော၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဆိုင်ကယ်ပြုပြင်ခြင်း သင်တန်းဆင်းပွဲကျင်းပ
Dec 23,2023
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ကျေးလက်နေပြည်သူများ မိသားစုဝင်ငွေရရှိစေရေး အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ဆိုင်ကယ်ပြုပြင်ခြင်း သင်တန်းဆင်းပွဲကို ယနေ့နံနက် ၉ နာရီက ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန၊ သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ပခုက္ကူတက္ကသိုလ်၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ
Dec 23,2023
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က အဆိုပါတက္ကသိုလ်ရှိ Theatre(M-306)ခန်းမတွင် ကျင်းပသည်။
ဒေါပုံမြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများ၏ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲ ပေးလေ့လာခြင်းအစီအစဥ်ဆောင်ရွက်
Dec 23,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်း အစီအစဥ်ကို ယနေ့ နံနက် ၁၀ နာရီအချိန်က ဒေါပုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပဆောင်ရွက်ခဲ့သည်။
ကျိုက်မရော၌  Grade -5 သင်ရိုးသစ် မြို့နယ်အဆင့် နောက်ဆက်တွဲသင်တန်း ဖွင့်လှစ်
Dec 23,2023
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ ၂၀၂၄ ခုနှစ်ပညာသင်နှစ်  Grade-5 သင်ရိုးသစ် မြို့နယ်အဆင့်  နောက်ဆုံးတွဲသင်တန်းကို ယနေ့နံနက် ၉ နာရီက အ.ထ.က ကျိုက်မရော(ပညာအားမာန်)ခန်းမ၌ ဖွင့်လှစ်ခဲ့သည်။
အလုံမြို့နယ်၌ ၅ နှစ်ယောက် ကလေးငယ်များအား ပိုလီယိုကာကွယ်ဆေး(ပထမအကြိမ်) တိုက်ကျွေး
Dec 23,2023
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်၌ ၅ နှစ်ယောက် ကလေးငယ်များအား ပိုလီယိုကာကွယ်ဆေး (ပထမအကြိမ်) တိုက်ကျွေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က အလုံမြို့နယ်၊ ဆင်မင်းရပ်ကွက်၊ စည်ပင်မော်တော်ယဥ်ဝင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပူတာအိုခရိုင်၌ ၂၀၂၃-ခုနှစ် ဒီဇင်ဘာအားကစားလ စတုတ္ထအပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲ ကျင်းပ
Dec 23,2023
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်တွင် ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်သော ဘဝကို ပိုင်ဆိုင်နိုင်စေရန်အတွက် ၂၀၂၃-ခုနှစ် ဒီဇင်ဘာအားကစားလ စတုတ္ထအပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက် (၅)နာရီခွဲက ပူတာအိုခရိုင် ပြည်သူ့အားကစားကွင်းစုရပ်မှ စတင်ကျင်းပသည်။
ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူး၍ လျှပ်စစ်သံဂဟေဆက်သင်တန်းဖွင့်ပွဲ ကျင်းပ
Dec 23,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ကြီးမှူး၍ လျှပ်စစ်သံဂဟေဆက်သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။