မရမ်းကုန်း ဒီဇင်ဘာ ၂၃
တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်စေရန်နှင့် ကျန်းမာသန်စွမ်းသည့် လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွန်းလာစေရန်အတွက် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်မှုဖြင့် ယနေ့နံနက် ၅ နာရီက ဒီဇင်ဘာ အားကစားလ (စတုတ္ထပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲကို ကျင်းပပြုလုပ်ကြောင်း သိရသည်။
ထိုသို့ စုပေါင်းလမ်းလျှောက်ရာတွင် မရမ်းကုန်းမြို့နယ်အမှတ် (၅)ရပ်ကွက်ရှိ မြို့နယ်ရဲစခန်းရှေ့ စုရပ်မှနေ၍ စွယ်တော်မြတ်လမ်း၊ ကမ္ဘာအေးဘုရားလမ်းတလျှောက် စုပေါင်းလမ်းလျှောက်ခဲ့ကြပြီးနောက် မြို့မရဲစခန်းရှေ့သို့ ပြန်လည်စုပြီး ကိုယ်လက်လှုပ်ရှား အားကစား ပြုလုပ်ခဲ့ကြသည်။
အဆိုပါ လူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲတွင် မရမ်းကုန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အားကစားဝါသနာပါသူ လူငယ်လူရွယ်များနှင့် ဒေသခံပြည်သူလူထု (၂၅၀)ဦးခန့်က ပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ယဉ်မော်(ပြန်/ဆက်)