ကလောမြို့နယ်၌ ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှု စုပေါင်းလမ်းလျှောက်ပွဲဆင်နွှဲ

ကလော  ဒီဇင်ဘာ ၂၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့နယ်တွင် ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှုစုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက် ၅ နာရီခွဲက ကလောမြို့နာရီစင်၌ စုရပ်ပြုလုပ်၍ စုပေါင်းလမ်းလျှောက်ပွဲ ဆင်နွှဲခဲ့ကြကြောင်းသိရသည်။

စုပေါင်းလမ်းလျှောက်ပွဲကို စုရပ်ဖြစ်သည့် ကလောနာရီစင်စုရပ်ပြုပြီး မင်းလမ်း-ကြံခိုင်ရေးရုံးလမ်းဆုံမှ နတ်စင်လမ်း-ပြည်ထောင်စုလမ်းမကြီး-ဘူတာလမ်း-နာရီစင်(မောမြေဦးပန်းခြံမုဒ်ဦး) လမ်းကြောင်းအတိုင်း ကျင်းပပြုလုပ်ခဲ့ရာ ကလောခရိုင်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည့်ဖြိုးငြိမ်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျောင်းသူ/သားများနှင့်ပြည်သူလူထုများ အင်အား (၉၇၀)ဦးခန့် စုပေါင်းလမ်းလျှောက်ခဲ့ပြီး မောမြေဦးပန်းခြံတွင် ကိုယ်လက်လှုပ်ရှားအားကစားသွေးပူလေ့ကျင့်ခန်းများအား စုပေါင်းပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)