နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ဇမ္ဗူသီရိမြို့နယ်နှင့် လယ်ဝေးမြို့နယ်များတွင် သန့်ရှင်းသာယာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား လှည့်လည်ကြည့်ရှုစစ်ဆေး
Oct 22,2023
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော် (ခုတင်-၁၀၀၀) ပြည်သူ့ဆေးရုံးကြီးအတွင်း၊ အပြင်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ ကျန်းမာရေးဝန်ထမ်းများ၊ သူနာပြုများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များက ပတ်ဝန်းကျင်သန့်ရှင်းသာယာရေး၊ သစ်ပင်များ၊ ချုံနွယ်များ၊ ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေးတို့အတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးပြီး ဆေးရုံးအတွင်း ရေစီးရေလာ ကောင်းမွန်စေရေး၊ ရာသီအလိုက်ပွင့်သည့် ပန်းပင်များစိုက်ပျိုးရေး၊ အမြဲသန့်ရှင်းသာယာရေးနှင့် လိုအပ်သည်များကို တာဝန်ရှိသူများအားမှာကြားပြီး နေပြည်တော်(ခုတင်-၁၀၀၀) ပြည်သူ့ဆေးရုံးကြီးအဝင် လမ်းဘေးဝဲယာတွင် ပတ်ဝန်းကျင် သန့်ရှင်းသာယာရေး၊ ချုံနွယ်များ၊ ပေါင်းမြက်များ၊ သစ်ပင်များ အလင်းဖွင့်ခြင်း၊ ရေနုတ်မြောင်းများ ရေစီးရေလာ ကောင်းမွန်စေရေးတို့ အတွက် သန့်ရှင်းရေးဆောင်ရွက်နေမှုများ၊ ပန်းအလှပင်များနှင့် အရိပ်ရလေကာပင်များ စိုက်ပျိုးထားရှိမှုများကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားသည်။