သတင်းများ

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ၂၀၂၃ ခုနှစ်၊ ခရစ္စမတ်အကြိုထောက်ပံ့ ဂုဏ်ပြုပွဲ အခမ်းအနားတက်ရောက်
Dec 24,2023
ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ၂၀၂၃ ခုနှစ်၊ ခရစ္စမတ်အကြို ထောက်ပံ့ဂုဏ်ပြုပွဲ အခမ်းအနားကိုယမန်နေ့ မွန်လွဲပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ စစ်တွေမြို့နယ်ရှိ ခရစ်ယာန်အသင်း၊ ဘုရားရှိခိုးကျောင်းများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦး (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နေပြည်တော် MSME ထုတ်ကုန်ပြပွဲ၊ ပြိုင်ပွဲနှင့် ဈေးရောင်းပွဲတော်အခမ်းအနား တက်ရောက်
Dec 24,2023
(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် နေပြည်တော် MSME ထုတ်ကုန်ပြပွဲ၊ ပြိုင်ပွဲနှင့် ဈေးရောင်းပွဲတော်အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင်  ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနား မြို့နယ်၊ အောင်မင်္ဂလာရပ်ကွက်အတွင်းရှိ အောင်မင်္ဂလာကားဝန်းဟောင်း၌ ကျင်းပသည်။
မုဒုံမြို့၌ လူနေအိမ်လေးလုံး မီးလောင်မှုဖြစ်ပွား
Dec 24,2023
မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ မြို့မ(၁)ရပ်ကွက် သင်္ဘောဦးရပ် ဘုရင့်နောင်လမ်းသွယ်(၁)လမ်းတွင်  ဒီဇင်ဘာ ၂၃ ရက်နေ့ မွန်းလွဲ(၃:၃၀)အချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၃-ခုနှစ်၊ ဒီဇင်ဘာအားကစားလ လူထု လှုပ်ရှားမှုအထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ Fltness Dance ပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနား တက်ရောက်
Dec 24,2023
စစ်ကိုင်းတိုင်းဒေသကြီး ဒီဇင်ဘာအားကစားလ လူထုလှုပ်ရှားမှုအထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ Fltness Dance ပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် မုံရွာ မြို့၊ ပြည်သူ့အားကစားကွင်းရှိ မိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများမှဝန်ထမ်းများ၊ ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ကြသည်။ 
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့၊ ဒီဇင်ဘာအားကစားလ စတုထ္တပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲ ပါဝင်ဆင်နွှဲ
Dec 24,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ဒီဇင်ဘာအားကစားလ စတုထ္တပတ် လူထုစုပေါင်း လမ်းလျှေက်ပွဲကို ဒီဇင်ဘာလ ၂၃ ရက်နေ့၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ ကန်သာယာကန် အရှေ့  ဗိုလ်ချုပ်လမ်းမကြီးပေါ်တွင် ကျင်းပရာလူထုစုပေါင်းလမ်းလျှောက်ပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများမှဝန်ထမ်း များ၊ မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်/ဒီဂရီကောလိပ်၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်းများမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ မြို့နေပြည်သူများနှင့် အားကစားကိုချစ်မြတ်နိုးသူများ တက်ရောက်ကြသည်။ 
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ချောင်းဆုံမြို့နယ်ကညှော်ကျေးရွာ ရှေးဟောင်းသမိုင်းဝင်ဆံတော်ရှင် ကျိုက်ကော့ရွဲစေတီတော်မြတ် စိန်ဖူးတော်နှင့် ငှက်မြတ်နားတော် လှည့်လည်ပူဇော်ပွဲအခမ်းအနား တက်ရောက်
Dec 24,2023
မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ ယနေ့ နံနက်ပိုင်းက ချောင်းဆုံမြို့နယ် ကညှော်ကျေးရွာ ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင်ကျိုက်ကော့ရွဲစေတီတော်မြတ် ရတနာစိန်ဖူးတော်နှင့် ငှက်မြတ်နားတော် လှည့်လည်ပူဇော်ပွဲအခမ်းအနားသို့ တက်ရောက်သည်။
ပွင့်ဖြူမြို့နယ် ယခုနှစ် မိုးသီးနှံရာသီက စိုက်ပျိုးခဲ့သည့် စပါးဧကခြောက်သောင်းကျော် ရိတ်သိမ်းခြွေလှေ့ပြီးစီး
Dec 24,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ၂၀၂၃-၂၀၂၄ ခုနှစ်၊ မိုးသီးနှံစိုက်ပျိုးရာသီတွင် ဒေသခံတောင်သူများ မဲဇလီရေလွှဲဆည်ရေဖြင့် စိုက်ပျိုးခဲ့သည့် စပါးသီးနှံစိုက်ဧက ခြောက်သောင်းကျော်ရိတ်သိမ်းခြွေလှေ့ပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။ 
ဖျာပုံခရိုင်ရုံး Community Centre ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်
Dec 24,2023
ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) နှင့် ပူးပေါင်း၍ စာပေကို ချစ်မြတ်နိုးတန်ဖိုးထားသူများ တိုးပွားလာစေရန် ရည်ရွယ်၍  စာဖတ်ဝိုင်းကို ​ယမန်နေ့ ​နေ့လယ်(၁)နာရီအချိန်က ဖျာပုံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအ​ခြေပြုဗဟိုဌာန CommunityCentre ခန်းမ၌ ပြုလုပ် သည်။