ပြည်မြို့တွင် ဒီဇင်ဘာ(စတုတ္ထပတ်)လူထုစုပေါင်းလမ်းလျှောက်ပွဲ ပျော်ရွှင်စွာဆင်နွှဲ
Dec 24,2023
ပဲခူးတိုင်းဒေသကြီး ပြည်မြို့၌ ယမန်နေ့နံနက် ၅ နာရီခွဲအချိန်က ဒီဇင်ဘာလ(စတုတ္ထပတ်)လူထုစုပေါင်းလမ်းလျှောက်ပွဲကျင်းပရာ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးသိန်းအောင် ဦးဆောင်သော ခရိုင်နှင့်မြို့နယ်အဆင့် ဌာနပေါင်းစုံမှ အရာထမ်း/အမှုထမ်း ဝန်ထမ်းများ၊ ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ရပ်ကွက်နေပြည်သူများ ပျော်ရွှင်စွာပါဝင်ဆင်နွှဲကြသည်။