ညောင်ဦး ဒီဇင်ဘာ ၂၃
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ဓမ္မရာဇကဘုရားကြီး အတွင်း/အပြင်အား ယနေ့ နံနက် ၇ နာရီအချိန်က ညောင်ဦး ခရိုင်/မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ကြောင်း သိရသည်။
ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးလွင်၊ ခရိုင်စီမံအဖွဲ့ဝင်များနှင့် ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ မြို့နယ်စီမံအဖွဲ့ဝင်များ ဦးဆောင်မှုဖြင့် ညောင်ဦးမြို့နယ် ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ ဓမ္မရာဇကဘုရားကြီး အတွင်းအပြင်တို့တွင် စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းနှင့် ချုံနွယ်များ၊ ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခဲ့ကြကာ ပေါင်းမြက်များ၊ သစ်ပင်ချုံနွယ်များအား ညောင်ဦးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် အမှိုက်သိမ်းယာဉ်တို့ဖြင့် ရှင်းပြီးသား ပေါင်းမြက်များ၊ သစ်ပင်သစ်ကိုင်များအား စည်ပင်သာယာရေးအမှိုက်ကျင်းသို့ ပို့ဆောင်ရှင်းလင်းခဲ့ကြောင်း သိရသည်။
ဒီပါလင်း