မလှိုင်မြို့၌ ဒီဇင်ဘာအားကစားလ(စတုတ္ထပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲနှင့် အားကစားပြိုင်ပွဲများကျင်းပ
Dec 23,2023
မလှိုင်မြို့၌ ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာအားကစားလ(စတုတ္ထပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲနှင့် အားကစားပြိုင်ပွဲများကို တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေး၊ ရောဂါကြိုတင်ကာကွယ်နိုင်ရေး၊ အမျိုးသားအားကစားအဆင့်အတန်းတိုးတက်မြှင့်မားရေးနှင့် ပြည်သူလူထုပါဝင်သည့် အားကစားလှုပ်ရှားမှုများ ပိုမိုဆောင်ရွက်နိုင်စေရန်စသည့်ရည်ရွယ်ချက်များဖြင့် ယနေ့နံနက် ၅ နာရီခွဲအချိန်တွင် မလှိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနစုရပ်မှ မြို့မအားကစားကွင်းအထိ အသွား/အပြန် (၃)မိုင်ခန့် စုပေါင်းလမ်းလျှောက်ခဲ့ကြကြောင်းသိရသည်။