သတင်းများ

မိုင်းခတ်မြို့နယ်တွင် တပ်နယ်မိသားစုများမှ ဒီဇင်ဘာအားကစားလ စတုတ္ထပတ်စုပေါင်းလမ်းလျှောက်ပွဲကျင်းပ
Dec 24,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့၌ ၂၀၂၃ ခုနှစ် ဒီဇင်ဘာအားကစားလ၊ လူထုအားကစားလှုပ်ရှားမှုအနေဖြင့် မိုင်းခတ်တပ်နယ်စုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက် ၅ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရန်ကင်းမြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများမြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် လက်တွေ့ စမ်းသပ်မဲပေးလေ့လာခြင်းဆောင်ရွက်
Dec 24,2023
ပြည်ထောင်စုရွှေးကောက်ပွဲကော်မရှင်သည် အီလက်ထရောနစ်မဲပေးစက်ဖြင့် မဲပေးခြင်း အသိပညာပေးလုပ်ငန်းအား ဆောင်ရွက်လျက်ရှိရာ ၄-၁၂-၂၀၂၃ ရက်နေ့မှစတင်၍ ရန်ကုန်တိုင်းဒေသကြီးနယ်မြေခရိုင်(၄)ခုရှိ မြို့နယ်(၄)မြို့နယ်တို့တွင် မဲဆန္ဒရှင်ပြည်သူများ၏ မြန်မာ အီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်း အစီအစဉ်အား တစ်ပြိုင်တည်းဆောင်ရွက်လျက်ရှိသည်။
တစ်မျိုးသားလုံးကျန်းမာ ကြံ့ခိုင်ရေးအတွက် ဒီဇင်ဘာလူထု အားကစားလှုပ်ရှားမှု စုပေါင်းလမ်းလျှောက်ပွဲ စတုတ္ထအပတ် ဗိုလ်တထောင်မြို့နယ်တွင် ကျင်းပ
Dec 24,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးအတွက် ဒီဇင်ဘာလူထုအားကစား လှုပ်ရှားမှုအထိမ်းအမှတ် စုပေါင်းလမ်းလျှောက်ပွဲ စတုတ္ထအပတ်ကို ယနေ့နံနက် နံနက် ၅ နာရီအချိန်က အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းရှေ့အနော်ရထာလမ်းမှ စတင်၍စုပေါင်း လမ်းလျှောက်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပေးနှိုး ဆော်ခြင်းများ ဆောင်ရွက်
Dec 24,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်အတွင်း မီးဘေးအန္တရာယ် ဖြစ်ပေါ်ခြင်းမှ ကင်းဝေးစေရေးအတွက် ယနေ့နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာန၏ ဦးဆောင်မှုဖြင့် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ ရပ်ကွက်များအတွင်း၌ မော်တော်ယာဉ်ဖြင့် လှည့်လည်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပေးနှိုးဆော်ခြင်းများကိုဆောင်ရွက်ခဲ့ကြသည်။
မုဒုံမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့် Grade-5 စာမေးပွဲ ဆိုင်ရာဆွေးနွေးပွဲကျင်းပ
Dec 24,2023
မွန်ပြည်နယ်၊ မုဒုံမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့် Grade-5 စာမေးပွဲဆိုင်ရာဆွေနွေးပွဲကို ယမန်နေ့က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရှိ ပညာရတနာခန်းမ ပြုလုပ်သည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်းဆောင်ရွက်
Dec 24,2023
ရန်ကုန်တိုင်းဒေသကြီး၊ မဲဆန္ဒရှင်ပြည်သူများ၏ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေး လေ့လာခြင်းကို ဒီဇင်ဘာ ၄ ရက်နေ့မှစတင်၍ ခရိုင်နယ်မြေအလိုက်  ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် လက်တွေ့စမ်းသပ် မဲပေးလေ့လာခြင်း ပထမနေ့အဖြစ် ယမန်နေ့နံနက် ၁၀ နာရီ အချိန်မှ ညနေ၃နာရီအချိန်အထိ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၊ တော်ဝင်သဇင်ခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တန့်ယန်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် သင်ရိုးသစ် Grade-5 (မြို့နယ်အဆင့်) နောက်ဆက်တွဲ သင်တန်း ဖွင့်လှစ်
Dec 24,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်သင်ရိုးသစ် Grade-5 (မြို့နယ်အဆင့်) နောက်ဆက်တွဲ သင်တန်းကို ယမန်နေ့နံနက် ၉ နာရီအချိန်မှ စတင်၍ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ဖွင့်လှစ်ခဲ့သည်။
သင်္ဃန်းကျွန်းခရိုင် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့၏ ခရစ္စမတ် မိတ်သဟာယ ညစာ စားပွဲကျင်းပ
Dec 24,2023
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသော ခရစ္စမတ်မိတ်သဟာယ ညစာစားပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းအချိန်က ရန်ကုန်မြို့ ရန်ကင်းမြို့နယ်ရှိ ကံဘဲ့နှစ်ခြင်း ခရစ်ယာန်ဓမ္မရိပ်သာ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ရာ သင်္ဃန်းကျွန်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထူးလွင်နှင့် အဖွဲ့ဝင်များ၊ တိုင်း/ခရိုင်/ မြို့နယ် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။