မိုင်းတုံမြို့၌ မီးဘေးအန္တရာယ်ကာကွယ်ရေးအသိပညာပေးခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြ
Dec 26,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ် မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူးဦးသူရိန်ဖြိုးဦးဆောင်သော ဝန်ထမ်းများက မီးဘေးအန္တရာယ် သတိပြုကာကွယ်နိုင်ရန်အတွက် မီးဘေးအန္တရာယ်ကာကွယ်ရေးအသိပညာပေးခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြပွဲကို ယနေ့နံနက် (၉)နာရီအချိန်က မြို့မဈေးအတွင်း၌ ပြုလုပ်ရာ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့များ၊ ဈေးရောင်းပြည်သူများ တက်ရောက်အားပေးခဲ့ကြကြောင်း သိရသည်။